Skip to main content

မလေးရှားနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေး မဟာဗျူဟာများနှင့် စီးပွားရေးပုံစံသစ်ကို လေ့လာခြင်း

မလေးရှားနိုင်ငံသည် ၁၂၇၇၂၀ စတုရန်းမိုင်ကျယ်ဝန်းပြီး မလေး၊ တရုတ်၊ အိန္ဒိယလူမျိုးများ နေထိုင်ကြကာ ၂၀၂၃ ခုနှစ် လူဦးရေစစ်တမ်းအရ လူဦးရေ ၃၄ သန်းကျော်ရှိ၍ ကမ္ဘာပေါ်တွင် ၄၄ ခုမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ စည်းမျဉ်းခံ ရွေးကောက်ခံဘုရင်စနစ်ကျင့်သုံးသော ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ပြီး အရှေ့တောင်အာရှ၏ တစ်ခုတည်းသော ဖက်ဒရယ်နိုင်ငံ ဖြစ်ပါသည်။ မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးပေါ်လစီမှာ ကြားနေဝါဒအပေါ်တွင် အခြေခံထားပြီး မည်သည့်နိုင်ငံရေးစနစ် ကျင့်သုံးသည့်နိုင်ငံဖြစ်စေ မလေးရှားကမူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်ရေးမူဖြင့်သာ ဆက်ဆံသည်ကို တွေ့ရပါသည်။

အရှေ့အာရှ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်းနှင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး

မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိရာ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသူများဖြစ်ကြသည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟ ချက်ကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှုလျှော့ချစေရေးအတွက် နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲချမှတ်၍ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် အစိုးရ-ပုဂ္ဂလိက-ပြည်သူပူးပေါင်းဆောင်ရွက်မှုဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
Subscribe to ကျေးလက်