ကြိုတင်ပြင်ဆင် အောင်ပွဲဝင်၊ စုပေါင်းညီညာ အောင်ကြောင်းဖြာ
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် နိုင်ငံတိုင်းသာမက လူတိုင်းအထူးဂရုပြုသတိထားရမည့် အကြောင်းအရာတစ်ခုဖြစ်သည်။ ကမ္ဘာကြီးပူနွေးမှုသည် တဖြည်းဖြည်းမြင့်မားလာရာ အနာဂတ် ကာလတွင် ကမ္ဘာကြီးပူနွေးမှုသည် ၄ ဒီဂရီစင်တီ ဂရိတ်အထိ ပိုမိုမြင့်မားနိုင်ကြောင်း၊ အပူချိန် ၁ ဒသမ၅ ဒီဂရီစင်တီဂရိတ်မြင့်မားလျှင်ပင် ကမ္ဘာတစ်ဝန်းရှိ ရေခဲတောင်များ အရည်ပျော်နိုင်ကြောင်း၊ ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေသန်း ၃၅၀ သည် သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲ ၁၄ ရာခိုင်နှုန်းကျော်မျိုးသုဉ်း