မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းမှ မမေ့နိုင်ဖွယ်ရာ သမိုင်းဝင်မြင်ကွင်း
ကိုလိုနီနယ်မြေချဲ့ထွင်လိုသူတို့သည် မြန်မာနိုင်ငံသို့ အေဒီ ၁၈ ရာစုအစောပိုင်းကာလကတည်းကအကြောင်း အမျိုးမျိုးရှာဖွေကာ ရောက်ရှိလာခဲ့ကြသည်။ ၁၈၂၄ ခုနှစ်တွင် ရှင်မဖြူကျွန်းအရေးကို အကြောင်းပြု၍ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပွားပြီး ၁၈၂၅ ခုနှစ်တွင် တနင်္သာရီနှင့် ရခိုင်ကို ဆုံးရှုံးခဲ့သည်။ ထိုမှ ၂၇ နှစ်အကြာ ၁၈၅၂ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဆင်နွှဲ၍ မြန်မာပြည်အောက်ပိုင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ၃၃ နှစ်အကြာ ၁၈၈၅ ခုနှစ်တွင် ဘုံဘေဘားမား သစ်ကိစ္စကို အကြောင်းပြု၍ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီး မြန်မာတို့ အားမတန်တော့သည့်အချိန် တွင် ဘုရင့်အမိန့်တော်အရ လက်နက်ချအရှုံးပေးလိုက်ရ သည်။