မိသားစုဘဝ ပိုမိုလှပဖို့ လမ်းလျှောက်ကြပါစို့
နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးရေးပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် လွန်စွာအရေးပါသည်။ ကျန်းမာမှ ဆောင်ရွက်နိုင်မည့်လုပ်ငန်းများ များစွာရှိပါသည်။ ကျန်းမာမှ ပညာသင်ကြားခွင့်၊ မိမိအနာဂတ်ကို ကိုယ်တိုင်ဖန်တီးခွင့်ရရှိမည်ဖြစ်သည်။ ကျန်းမာရေးသည် လူတိုင်း အလေးထား လိုက်နာစောင့်ရှောက်သင့်သည်။ အသိနောက်မကျသင့်သည့် အရေးကိစ္စများတွင် ကျန်းမာရေးလည်းပါဝင်သည်။ အသိနောက်မကျအောင် သတိပြုဆောင်ထားရမည်က “လူတိုင်းချင့်တွေး ကျန်းမာရေး”ပင် ဖြစ်သည်။