မိတ်ဆွေကောင်းများနှင့် နှစ်ပေါင်းများစွာ
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးရရှိခဲ့သည့်နောက် ယနေ့တိုင် ကမ္ဘာ့အလယ်တွင် သမာသမတ်ကျကျ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို တစိုက်မတ်မတ်ကျင့်သုံး လျက်ရှိပြီး နိုင်ငံတိုင်းကို မိတ်ဝတ်မပျက်ဆက်ဆံခဲ့၍ နိုင်ငံတကာဆက်ဆံရေး သံခင်း တမန်ခင်းကဏ္ဍတွင် သမိုင်းအစဉ်အလာ ကြီးမားခဲ့သည်။ ဒေသတွင်းနိုင်ငံများကြားတွင် ရှေ့ဆောင်နိုင်ငံဟုပင် ဆိုရလောက်သည်။ ကမ္ဘာ့ခေါင်းဆောင်များနှင့် ကြိမ်ဖန်များစွာ အပြန် အလှန် ကူးလူးယှက်နွှယ်ထိတွေ့ဆက်ဆံမှုရှိခဲ့၍ နိုင်ငံအချို့သည် ၎င်းတို့၏ ကမ္ဘာ့အရေး၊ ဒေသတွင်းအရေးကိစ္စများတွင် ပါဝင်နယ်ဒီပလိုမေစီသဘောအရ မြန်မာခေါင်းဆောင်များကို ကြားမှ အောင်သွယ်တော်အဖြစ် အကူအညီတောင်းခံမှုပေါင်းများစွာပင် ရှိခဲ့ဖူးသည်။