ဗိဿနိုးမြို့ဟောင်း သမိုင်းပုံရိပ်
၂၀၀၃ ခုနှစ် ဗိဿနိုးမြို့ဟောင်း တူးဖော်မှုတွင် ဗိဿနိုးမြို့ဟောင်း ကုန်းအမှတ်-၁၃ (BTO-13) မြေလွှာအမှတ် (၂)နှင့် (၃) အကြား မြေအနက် နှစ်ပေ နှစ်လက်မတွင် အုတ်အကျိုးအပဲ့များနှင့်အတူ ကြေးဗုဒ္ဓဆင်းတုတော် တစ်ဆူ၊ ကြေးခေါင်းလောင်း တစ်လုံး၊ ကြေးဆီ မီးခွက်အရွယ်စုံ လေးခု စသည့်ဗုဒ္ဓဘာသာဆိုင်ရာ သာသနိကပစ္စည်းများကို တူးဖော်တွေ့ရှိရပါသည်။