နေချင့်စဖွယ် နေရာသစ်တစ်ခုအဖြစ် ပေါ်ထွန်းလာတော့မည့် ရန်ကုန်ပြည်သူ့အငှားအိမ်ရာစီမံကိန်း
မြေဧကအားဖြင့် ကျယ်ဝန်းလှသည့်ကွင်းပြင်ကြီးအတွင်း ရွေ့လျားမောင်းနှင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး ခေတ်မီစက်ယန္တရားယာဉ်ကြီးများ၊ မြေသယ်၊ အုတ်သယ်အလုပ်ကြမ်းသမား၊ အတတ်ပညာရှင်၊ အသိပညာရှင်များ နေရာအနှံ့ ဖြန့်ကြက်ကာ လုပ်ငန်းခွင်ဝင်ရောက်နေသူများဖြင့် လှုပ်ရှားသက်ဝင်နေသည့်မြင်ကွင်း။