Skip to main content

အနုပညာအပေါ် ရုန်းကန်ခဲ့ရတာတွေအတွက် အခုလိုဆုရတော့ ဝမ်းသာပါတယ်။ ရုပ်ရှင်၊ ဂီတ၊ သဘင်နဲ့ ပတ်သက်ပြီးဘဝကို ရုန်းကန်ကြိုးပမ်းခဲ့တဲ့သူတွေကို အသိအမှတ်ပြုပေးတာကို ကျေးဇူးတင်ပါတယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကဏ္ဍတို့တွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့် လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင် နိုင်သော ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူ ပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံလ၊ ဝီရိယဖြင့် ကြိုးပမ်းထမ်းဆောင်ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ကြသော နိုင်ငံခြားခေါင်းဆောင်များ၊ နိုင်ငံခြားသံတမန်များနှင့် ပုဂ္ဂိုလ်များကို ထိုက်တန်သော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်သည်။

ကြွေသူလည်းမွှေး၊ ဝေသူလည်းမွှေးစေလျက် ရုပ်ရှင်ချစ်ပရိသတ်တို့၏ နှလုံးသားကိုညှို့ယူဖမ်းစားခဲ့သည့် ရုပ်ရှင်မင်းသားကြီးနှစ်ဦး၏ ရုပ်ရှင်တစ်သက်တာဆုမှ ပီတိစကားသံများ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့သည် မြန်မာ့ရုပ်ရှင်လောကသားတို့အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နေ့တစ်နေ့ဖြစ်သည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းတွင်ရှိသော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ရုပ်ရှင်လောကမှ အနုပညာရှင်များ ပန်းဥယျာဉ်ကြီးအတွင်း ပန်းပေါင်းစုံပွင့်လန်းသည့် ပမာဝေဝေဆာဆာဖြင့်စုရုံးရောက်ရှိ လျက်ရှိသည်။ တစ်ချိန်က အာရှတွင် မြန်မာ့ရုပ်ရှင်သည် နာမည်တစ်ခုဖြင့် အဆင့်မီမီရပ်တည်ခဲ့သည်။ ထိုသို့ ရပ်တည်နိုင်ရန် မြန်မာ့ရုပ်ရှင်ကို ရုပ်ရှင်ချစ်ပြည်သူများ၏ အားပေးမှုနှင့်အတူ မြန်မာ့ရုပ်ရှင် ဖခင်ဒါရိုက်တာကြီးများက ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဂုဏ်ပြုယာဉ်များ ပြသပေးနေမှုနှင့်၊ တိုင်းရင်းသားရိုးရာအစားအစာများ ရောင်းချပေးမှုအပေါ် ပါဝင်ဆင်နွှဲကြသူအချို့၏ ဝမ်းသာပီတိ စကားသံများ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များအား နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်းပြသထားသည့်အပြင် တိုင်းရင်းသားရိုးရာ အစားအစာများကိုလည်း သတ်မှတ်နေရာများအလိုက် ရောင်းချပေးလျက်ရှိရာ ဂုဏ်ပြုယာဉ်များနှင့်အတူ ပါဝင်ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာအစား အစာရောင်းချသူများ၊ လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူများ၊ ဂုဏ်ပြုယာဉ် တာဝန်ခံများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါ သည်။
Subscribe to အင်တာဗျူး