အားလုံးပါဝင်သော ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတစ်ရပ်ဆီသို့
ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင် လည်း ၂၀၁၉ ရှေးဦးသန်းခေါင်စာရင်းအရ မသန်စွမ်း သူ ၅ ဒသမ၉သန်း လူဦးရေ၏၁၂ ဒသမ၈ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ထို့ကြောင့်မသန်စွမ်းသူများ၏ အရေးသည် နိုင်ငံအတွက် ဦးစားပေးရမည့်ကိစ္စ တစ်ခုဖြစ်ပါသည်။ မည်ကဲ့သို့ဖြစ်စေ မသန်စွမ်းသူတို့တွင် မသန်စွမ်းမဟုတ်သူတို့နည်းတူ စွမ်းရည်ကိုယ်စီ ရှိကြပါသည်။ ထိုစွမ်းရည်များကို နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိအောင် ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ သို့သော် ၎င်းတို့အတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် တွေ့ကြုံရသည့် အခက်အခဲများ(Barrier) များကို ဖြေရှင်းပေးခြင်း၊ ကျွမ်းကျင်မှုအလိုက် ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးပေးခြင်းဖြင့် အားလုံးပါဝင်သော လူ့အဖွဲ့ အစည်းတစ်ရပ်အဖြစ် ဖော်ဆောင်ကြရမည် ဖြစ်ပါသည်။