ကိုဗစ်-၁၉ နှင့် မြန်မာ့ခရီးသွားလုပ်ငန်း
မီးခိုးမထွက်သောစက်ရုံ (Smokeless Industry)ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် ခရီးသွား လုပ်ငန်းသည် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများ၏နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မျက်နှာစာများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး လူသားတို့၏ သမိုင်းအစဖြစ်သော ကျောက်ခေတ်နှင့် သမိုင်းဦး ဘုံမြေခေတ်မှ ယနေ့ စတုတ္ထစက်မှု တော်လှန်ရေးခေတ် (Industry 4.0)အထိ အခြားသော စီးပွားရေး ကဏ္ဍများနည်းတူ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။