Skip to main content

ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံကြရာဝယ်

ကိုဗစ် -၁၉ ၏အစွမ်းနှင့် နောက်ဆက်တွဲ ဒုက္ခပင်လယ်ဝေခဲ့ရမှုသည် တတိယလှိုင်းတွင် ပို၍ထင်သာမြင်သာ ရှိခဲ့ကြလေသည်။ မိမိချစ်သူခင်သူမြတ်နိုးရသူတို့ အနားမှာ မရှိနိုင်ကြတော့ပေ။ ကိုဗစ် ပြင်းထန်ရောဂါ အခြေအနေမှ လွတ်မြောက်လာခဲ့လျှင်လည်း နာလန်ထူရန် အချိန်ပေးရသေးသည်။ ကိုဗစ် -၁၉ ရောဂါ ကြောင့် လူမှု၊ စီးပွားနှင့် ဘဝများစွာ ဆုံးရှုံးခဲ့ရသည်။ နစ်နာခဲ့ရလေသည်။ ရွှေရင်ဆို့၊ မျက်ရည်စို့ခဲ့ရသော၊ ပူလောင်ခဲ့ရသော အဖြစ်အပျက်များ မိသားစုကိုယ်စီနှင့် မိမိပတ်ဝန်းကျင်တို့တွင် ရှိခဲ့ပြီးလေသည်။ ထို့ကြောင့်.. ထို့ကြောင့် ထို အတိတ်ဆိုး၊ ကိုဗစ် ၁၉ ရန်သူဆိုး၏ အောင်နိုင်ရာ လက်နက်မှာ ကာကွယ်ဆေး ပင်ဖြစ်ပါသည်။
Subscribe to ကိုဗစ်-၁၉ ကာကွယ်ဆေး