Skip to main content

နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ပြည်ထောင်စု အဆင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဆင့်တွင် ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်ထားရှိသည့် ရာထူးအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများသည် တည်ဆဲ ဥပဒေများနှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ သတ်မှတ် ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၌ ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အတတ်ပညာရပ်ဆိုင်ရာပြည့်စုံပြီး ဘက်လိုက်မှု ကင်းရှင်းသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်မှု၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံရန်လိုအပ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းပြီး အဂတိလိုက်စားမှု ကင်းစင်ရမည့်အပြင် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန် များကို ထမ်းဆောင်ရာတွင် လိုအပ်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းများနှင့်လည်း ပြည့်စုံရန်လိုအပ်ပါသည်။
Subscribe to နိုင်ငံဝန်ထမ်း စံတန်ဖိုးများ