Skip to main content

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေထူထောင်

နိုင်ငံတော်အစိုးရသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံ ချောမွေ့စွာ လည်ပတ်နိုင်အောင် နိုင်ငံတော် ဘဏ္ဍာငွေကို နှစ်စဉ်ကျခံသုံးစွဲရသည်။ ဘဏ္ဍာငွေများ ကျခံသုံးစွဲနိုင်အောင် နိုင်ငံတော်၏ အခွန်အခငွေများကို အဓိကအားထားရာ၌ နိုင်ငံတော်မှ ရရှိသည့် အခွန်ငွေစုစုပေါင်း၏ ခြောက်ပုံ တစ်ပုံကို နိုင်ငံ့ဝန်ထမ်းပင်စင် ရန်ပုံငွေအတွက် အသုံးပြုသည်။

အမျိုးသားရေးတာဝန် ပါဝင်ဆောင်ရွက်

အမျိုးသားရေးတာဝန်ဆိုသည်မှာ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် တစ်မျိုးသားလုံး မဖြစ်မနေ ပါဝင်ထမ်းရွက်ကြရမည့်တာဝန်ကို ဆိုလိုသည်။ မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရေးသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးတာဝန်ဖြစ်ပြီး မျက်မှောက်ကာလ တစ်ကမ္ဘာလုံးပျံ့နှံ့ ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်ဖြေရှင်းရေးသည်လည်း လူသားအားလုံး နှင့်သက်ဆိုင်သည့် အမျိုးသားရေး တာဝန်ဖြစ်သည်။

မမေ့မလျော့ မပေါ့မဆ သတိပြု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ နိုင်ငံများ၏COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ ကမ္ဘာ့ဒေသအသီးသီးတွင် ရောဂါဖြစ်ပွားသောနိုင်ငံများ ဆက်တိုက်များပြားလာခဲ့ကြောင်းနှင့် နိုင်ငံပြင်ပမှရောဂါကူးစက်မှုများ သာမက နိုင်ငံတွင်း၌ပါရောဂါကူးစက်မှုများ ရှိလာကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ဖေဖော်ဝါရီလ၂၈ ရက်နေ့ကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအားလုံးတွင် ရောဂါကူးစက်ဖြစ်ပွားမှု အလွန်မြင့်မားသည့် အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။

လျှပ်စစ်ဓာတ်အား ရာခိုင်နှုန်းပြည့်ရေး ကြိုးပမ်း

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အခြေခံ လိုအပ်ချက်ဖြစ်သည်။ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးခြင်း၊ နိုင်ငံတိုးတက်ခြင်းတွင် လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိရေးသည် အဓိကအကြောင်းရင်းဖြစ်သည်။

မိမိကိုယ်မိမိစောင့်ရှောက်ခြင်းဖြင့် ရောဂါဘေးဘယာများကို ခုခံကာကွယ်

“တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါကို ဖြစ်ပွားသောနိုင်ငံများ၌ ထိန်းချုပ်နိုင်ခြင်းမရှိသေးချေ။ လူတို့အား အလွယ်တကူ ကူးစက်နိုင်ပြီး အသက်ပင်သေဆုံးနိုင်သော ထိုရောဂါပိုးသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံမှ စတင်ဖြစ်ပွားသဖြင့် ဖြစ်ပွား လျှင်ဖြစ်ပွားချင်း ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှု၊ သံသယရှိသည်ဟုယူဆလျှင် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုတို့ကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲ အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသေးပေ။

နိုင်ငံတကာသတ်မှတ်ချက်ဖြင့် စီးပွားရေးချဲ့ထွင်

 

မြန်မာနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများ ကမ္ဘာ့အဆင့်မီလာစေရန်အတွက် ကုန်ပစ္စည်းများတွင် အဆင့်အတန်းနှင့် အညီ အမှတ်တံဆိပ် GS1 Myanmar Barcode အသုံးပြုခြင်းဖြင့် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် စားသုံး သူများအတွက်ပါ အကျိုးရှိစေရန်ရည်ရွယ်၍ GS1 Myanmar Barcode မိတ်ဆက်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

တန်ဖိုးရှိသည့် နိုင်ငံသားဖြစ်အောင်ကြိုးစား

နိုင်ငံကို တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုသည် အဓိကကျသည်။ အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရာ၌ ပြည်သူလူထု၏ ထောက်ခံမှု၊ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုမရလျှင် ရေတိုတွင် အောင်မြင်နိုင်သော်လည်း ရေရှည်တွင်မူ အောင်မြင်မှုရနိုင်မည်မဟုတ်ပေ။

ယဉ်ကျေးမှုအမွေ အမြတ်တနိုးထိန်းသိမ်း

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသောနိုင်ငံ ဖြစ်သည်ကို အားလုံး သိရှိကြသည်။ ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသည်ဆိုသော်လည်း အမြတ်တနိုးတန်ဖိုးထားမှု၊ စနစ်တကျထိန်းသိမ်း စောင့်ရှောက်မှုရှိမှသာ မြန်မာသာမက ကမ္ဘာကပါ အသိအမှတ်ပြုကာ ဂုဏ်ယူဝင့်ကြွား တင့်တယ်မော်ကြားသည့် နိုင်ငံဖြစ်ပေလိမ့်မည်။

စစ်မှန်သော လူ့အခွင့်အရေးအနှစ်သာရများ ပေါ်ထွန်းလာရေးပူးပေါင်းဆောင်ရွက်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဖေဖော်ဝါရီလ၂၆ ရက်နေ့တွင ပြုလုပ်သည့် အစည်းအဝေး ၏အဆင့်မြင့်ကဏ္ဍသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာ နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်တို့အား ကာကွယ်မြှင့်တင်ရန်တာဝန်ရှိသည့် နည်းတူပြည်တွင်း၌ဆောင်ရွက်နိုင်သည့် နည်းလမ်း များ မကုန်ဆုံးသည်အထိ အခြားအရေးယူဆောင်ရွက်ခြင်းတို့ မပြုလုပ်သည့်မူဝါဒအား ထောက်ခံအားပေး ရမည်ဖြစ်ကြောင်း မီးမောင်း ထိုးပြခဲ့သည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီး

ယခုအခါ ပူပြင်းခြောက်သွေ့သော နွေဦးရာသီကာလသို့ ရောက်ပြီဖြစ်သည်။ ပူပြင်းသော နွေကာလတွင် သတိပြုရမည့် အချက်မှာ မီးဘေးအန္တရာယ် ဖြစ်သည်။ မီးဘေးသည် ရန်သူမျိုးငါးပါးတွင် တစ်ပါး ပါဝင်သည်ကို သိရှိကြသော်လည်း ထိုရန်သူကို သတိမမူသောကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုနှင့် ကြုံနေကြရသည်။ နွေဦးတွင် မြန်မာပြည်တစ်လွှား မီးလောင်မှု ဖြစ်စဉ်များ ကြုံတွေ့ ကြားသိလာရသည်။

Subscribe to ကြေးမုံ