Skip to main content

ကြိုတင်ကာကွယ်တားဆီး လက်ဦးမှုယူ

တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် CoVID-19 ရောဂါနှင့်ပတ်သက်၍ မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တစ်ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။ ထိုသို့ကြေညာလိုက်သည်နှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ထိုရောဂါကို တွန်းလှန်ဖယ်ရှား ကာကွယ်နိုင်ရန် အမျိုးသားရေးအသွင်ဖြင့် လှုပ်ရှား ဆောင်ရွက်နေကြသည်။

တန်ဖိုးအရှိဆုံး အမျိုးသားအမွေအနှစ်

မြန်မာနိုင်ငံတွင် တန်ဖိုးအရှိဆုံး၊ အရေးအကြီးဆုံး အထင်ကရနေရာများစွာ ရှိသည်။ များသောအားဖြင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် စသည့် အမွေအနှစ်များကိုသာ ညွှန်းဆိုဖော်ပြလေ့ရှိသည်။ အမှန်တကယ်တွင် တန်ဖိုးအရှိဆုံးနှင့် အရေးအပါဆုံးအမွေအနှစ်တို့တွင် နိုင်ငံ၏အနာဂတ်ကို အကောင်းဆုံးထုဆစ်ပုံဖော်ပေးနိုင်သည့် အသိဉာဏ်ပညာ၊ တွေးခေါ်မြော်မြင်မှုများ၊ ပညာအမွေအနှစ်များ ပျိုးထောင်ရင်းနှီးမြှုပ်နှံရာ၊ စုဝေးရာကိုဆိုချင်သည်။ 

တိကျစွာလိုက်နာ၍ တည်ငြိမ်မှုဆောင်ကြဉ်း

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-I9) ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများအကြား နေ့စဉ်နှင့်အမျှ တိုးတက်ဖြစ်ပေါ်နေသဖြင့် ထိုရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်တွင် အတည်ပြုသတ်မှတ်ကြေညာခဲ့သည်။

မူးယစ်ဆေးဝါးကင်းစင်ရေး ဝိုင်းဝန်းကူညီ

 

မကြာသေးမီရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေးဝါး အမြောက်အမြားကို ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့သည်။ တစ်ဆက်တည်းသော ရက်အသီးသီးတွင်လည်း မူဆယ် မြို့နယ်၊ ရွာငံမြို့နယ်၊ ပင်လောင်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ ဖားကန့်မြို့နယ်နှင့် အခြားမြို့များ အတွင်းတွင် မူးယစ် ဆေးဝါးသယ်ဆောင်သိုဝှက်ထားမှုများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့ပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ် နေသည်။

ဂုဏ်သိက္ခာနှင့် တန်ဖိုးမြင့်မားရေးအားထုတ်

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၀ ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ကူးစက်ရောဂါကင်းဝေးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကင်းဝေးရေး၊ ပြည်သူများ စည်းကမ်းလိုက်နာရေး၊ သိက္ခာရှိရေးတို့ကို အလေးထား ပြောကြားခဲ့သည်။

စေတနာ့ဝန်ထမ်း ကြိုးပမ်းထမ်းရွက်

စေတနာ့ဝန်ထမ်းဆိုသည်မှာ အခကြေးငွေ၊ အကျိုးအမြတ် တစ်စုံတစ်ရာမျှ မယူဘဲ တစ်စုံတစ်ယောက်အတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ အနစ်နာ ခံ၍ အချိန်ပေးဆောင်ရွက်နိုင်သူကို ခေါ်ဆိုသည်။ တစ်နည်းဆိုလျှင် ကောင်းမြတ်သောစေတနာဖြင့် အမှုကိစ္စဝန်တစ်ခုကို အခမဲ့ထမ်းဆောင်ခြင်း ဖြစ်သည်။ စေတနာ့ဝန်ထမ်းလုပ်ငန်းကို နိုင်ငံတကာတွင် Volunteer အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြပြီး မြန်မာနိုင်ငံတွင် လူမှုရေးလုပ်ငန်းများ အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ကျောင်းဝန်းကျင်ကောင်းများ ဖြစ်ထွန်းရေး

မြန်မာနိုင်ငံတွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ၏ လူဦးရေပမာဏသည် လူငယ် အားလုံး၏ ထက်ဝက်ခန့်ရှိသည်။ လူငယ်လူရွယ်များသည် တိုင်းပြည်အနာဂတ်အတွက် အားထားရမည့် မျိုးဆက်သစ်များဖြစ်၍ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်သည်။

အနုပညာဂုဏ်အင်စုံလင် မြန်မာ့ရုပ်ရှင်

 

ရုပ်ရှင်သည် ခံစားမှုနှင့်နည်းပညာပေါင်းစပ်ထားသော ဆန်းကြယ်သော ပညာရပ်ဖြစ်သည်။ ရုပ်ရှင်ပေါ်ဦးစမှ ယနေ့မျက်မှောက်ကာလအထိထိုပညာ ရပ်သည်လူသားအားလုံးတို့ကို ဆွဲဆောင်ဖမ်းစားနေဆဲဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင်အနုပညာကဏ္ဍမှ ကမ္ဘာ့လူသားများအား ကောင်းမွန်သော၊ ဆန်းပြားသော အနှစ်သာရများ ပေးစွမ်းနိုင်အောင် ကျန်ရစ်စေအောင် အစဉ်ကြိုးပမ်း အားထုတ်လျက်ရှိသည်။

သမိုင်းမော်ကွန်းရေးထိုးခဲ့သည့်တက္ကသိုလ်

 မြန်မာနိုင်ငံ၏ အထင်ကရ ရန်ကုန်တက္ကသိုလ်ကြီး ဖြတ်သန်းခဲ့သောကာလ တစ်လျှောက်အတွင်း နိုင်ငံနှင့် လူမျိုးအတွက်ထင်ရှားသော သမိုင်းမော်ကွန်း များ၊ မှတ်တိုင်များ ရေးထိုးစိုက်ထူနိုင်ခဲ့သည်။ ဗြိတိသျှ အစိုးရ သည် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကိုပြဋ္ဌာန်းပြီး တက္ကသိုလ်နယ်မြေအဖြစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်သတ်မှတ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ် (၁၀၀) ပြည့် ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

မြတ်ဗုဒ္ဓပြည်တော်ဝင် တပေါင်းလပြည့်နေ့

တပေါင်းလသည် မပူလွန်း၊ မအေးလွန်း ရာသီဥတု မျှတသောကာလ ဖြစ်ပါသည်။ ဥဒေါင်းငှက်အပေါင်းတို့ ပျော်မြူးတွန်ကျူးသောလ၊ တောပန်းတောင်ပန်းတို့ ဖူးပွင့်ဝေဆာရောင်စုံဖြာနေသောလဖြစ်သည်။ သဘာဝ အလှတရားများ ပြည့်စုံကြွယ်ဝနေသောလတွင် ကောင်းခြင်းမင်္ဂလာအပေါင်း တို့ စတင်ဖြစ်ပေါ်လာကြသည်။

Subscribe to ကြေးမုံ