တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအားရှိသည့် ကျစ်လျစ်ခိုင်မာတောင့်တင်းသော တပ်မတော်ဖြစ်စေရန် “စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်”ဆိုသည့် စွမ်းရည်သုံးရပ်ပြည့်ဝစေရန် အစဉ်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
ညီညွတ်မှုဖြင့် နိုင်ငံကို ဝိုင်းဝန်းတည်ဆောက်
ကမ္ဘာပေါ်ရှိ နိုင်ငံများသည် မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရမည်၊ မိမိလူမျိုးဘဝ မြင့်မားလာရ မည်ဟူသည့် ခံယူချက်ဖြင့် မိမိနိုင်ငံကို ညီညီညွတ်ညွတ် ဝိုင်းဝန်း တည်ဆောက်ခဲ့ကြသည်။ နိုင်ငံအများစုတွင် အယူအဆ၊ ယုံကြည်ချက်၊ သဘောကွဲလွဲမှုတို့ကို အကြောင်းပြု၍ ပဋိပက္ခအမျိုးမျိုးကြုံတွေ့ခဲ့ရသည်။ အချို့ဆိုလျှင် ပဋိပက္ခများကြောင့် နိုင်ငံတစ်ခုလုံး ပြာပုံဘဝ ရောက်ရှိခဲ့ပြီးမှ စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်၍ နိုင်ငံပြန်လည် ဦးမော့လာအောင် တစ်စိ
တိုင်းပြည်ဖျက်ဆီးမှုမှန်သမျှ ဆန့်ကျင်ရှုတ်ချ
တပ်မတော်သည် တိုင်းပြည်အေးချမ်းသာယာဝပြောရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်း စိမ်တို့ကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF တို့သည် တိုင်းပြည်အလုံးစုံပျက်စီးရေးကို ကြံစည်လုပ်ဆောင်နေကြသည်။ တိုင်းပြည်ပျက်စီး ရေးကို လုပ်ဆောင်နေကြသည့် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများအား တိုင်းရင်း သားပြည်သူ တစ်ရပ်လုံးက ဆန့်ကျင်ရှုတ်ချနေကြသည်။
အများအကျိုးစီးပွားဖျက်ဆီးမှုများကိုရှုတ်ချ
တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်အေးချမ်းသာစွာဖြင့် သွားလာလုပ်ကိုင်နိုင်ရန်အတွက် အဓိကအချက်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း ဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်အစိုးရများက လမ်းပန်း ဆက်သွယ်ရေးအခြေခံအဆောက်အအုံများကို နိုင်ငံတစ်ဝန်း နယ်စပ်ဒေသများပါမကျန် ဖြန့်ကြက် တည်ဆောက်ပေးထားသည်။ တိုင်းရင်းသားပြည်သူများမှာ ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာဖြင့် သွားလာလုပ်ကိုင်နိုင်ကြသည်။
အရေးကြီးဆုံးအမျိုးသားရေးတာဝန်ထမ်းဆောင်
အမျိုးသားရေးဆိုသည်မှာ နိုင်ငံတော်နှင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး၏ အကျိုးစီးပွားဖြစ်သည်။ ဆိုလိုရင်းအချက်မှာ မိမိတိုင်းပြည် ကောင်းစားရေးဖြစ်သည်။ မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အလေးထား
မျက်မှောက်ကာလတွင် မြို့ပြဒေသများ ဖွံ့ဖြိုးတိုးတက်လာမှု၊ လူဦးရေ တစ်နေ့တခြားတိုးပွားလာမှု၊ မော်တော်ယာဉ်နှင့်စက်တပ်ယာဉ်များ များပြားလာမှုတို့ကြောင့် ယာဉ်အန္တရာယ်ဖြစ်မှုများပြားလာသည်။ မြန်မာနိုင်ငံတွင် လူဦးရေနှင့် မော်တော်ယာဉ် အထူထပ်ဆုံးမြို့ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှု ၆၄ မှု၊ ဒဏ်ရာရရှိမှု ၆၅၇ မှု၊ သေဆုံးသူ ၃၁၉ ဦးရှိကြောင်းသိရသည်။
ဟိမဝန္တာတောင်တန်းဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်
ကမ္ဘာပေါ်တွင် အမြင့်မားဆုံးတောင်တန်းကြီးမှာ ဟိမဝန္တာတောင်တန်းကြီးဖြစ်သည်။ ဟိမဝန္တာကို ကမ္ဘာ့ခေါင်မိုးဟုဆိုကြသည်။ ထူးခြားဆန်းကြယ်ပြီး အံ့ဩ ဖွယ်ရာများစုံလင်သည့် ဟိမဝန္တာတောင်တန်းကြီးသည် ရေထုဖုံးနေသောကမ္ဘာကြီး စတင်ဖြစ်တည်စဉ် ဦးစွာပေါ်ထွန်းခဲ့သော တောင်တန်းကြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင် တည်ရှိသည့် ပတ်ကွိုင်တောင်တန်းသည် ဟိမဝန္တာ တောင်တန်းကြီးမှ ဆင်းသက်လာသည်။ အရှေ့မြောက်ဘက်မှ အနောက်ဘက်သို့ နိုင်ငံတော်၏ နယ်နိမိတ်သဖွယ် ကာဆီးထားပြီး တောင်ဘက်စွန်းတွင် နာဂတောင်တန်းရှိသည်။
ကျေးလက်လူမှုစီးပွားကူညီ၍ နိုင်ငံမြှင့်တင်
နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် မြို့ပြများ၌ လူဦးရေထူထပ်များပြားပြီး လူမှုစီးပွား ဘဝများမြင့်မား တိုးတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြို့ပြများတွင် လူဦးရေ ထူထပ်သော်လည်း များသောအားဖြင့် ကျေးလက်နေပြည်သူများ၏ လူဦးရေမှာ ပိုမိုများပြားပေသည်။ လူဦးရေကွာခြားမှုအရ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထင်ဟပ်မည်ဆိုလျှင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။
ပညာဖြင့် လူမှုဘဝ၊ ကျေးလက်ဘဝမြှင့်တင်
ပညာသည် လူ၏တန်ဖိုးဖြစ်သည်။ ပညာသည် ဆီမီးတိုင်ပမာ ဝန်းကျင်တစ်ခုလုံးကို အလင်းရောင်ပေးနိုင်သည်။ ပညာသည် ရွှေအိုးပမာ အကျိုးရှိအောင် အသုံးပြုနိုင်သည်။ ပညာ၏တန်ဖိုးမှာ များပြားသည်။ ပညာဖြင့် အရာရာကို ပိုင်းခြားဆင်ခြင် အလင်းဆောင်နိုင်သည်။ “ပညာမတတ်လျှင် အကန်းနှင့်တူသည်” “စာတတ်ပြီး စာမဖတ်လျှင် ပြတင်းပေါက်ရှိလျက် မဖွင့်သောအိမ်နှင့်တူသည်”ဟု သတင်းစာ ဆရာကြီးတစ်ဦး ပြောသကဲ့သို့ အရာအားလုံးသည် အမှောင်အတိဖုံးနေမည်ဖြစ်သည်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဝန်ဆောင်မှုနှင့် အရည်အသွေးမြှင့်တင်
အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းများသည်လည်း အရေးပါသည့်ကဏ္ဍတစ်ရပ်အနေဖြင့် ပါရှိနေရာ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ စနစ်တကျတိုးတက်ဖြစ်ထွန်းနေစေရန် လိုအပ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ အောင်မြင်စွာနှင့် လွယ်ကူစွာ ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်ကအားပေး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းလိုင်စင်များ နှောင့်နှေးကြန့်ကြာ ခြင်းမရှိဘဲ ခွင့်ပြုပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးနေသည်။