ရခိုင်ပြည်နယ်ရှိ ထင်ရှားကျော်ကြားသော ဂူဘုရားများ
ရခိုင်ပြည်နယ်သည် ဗုဒ္ဓသာသနာထွန်းပြောင်သော နေရာတစ်ခုဖြစ်၍ ဂူဘုရားများစွာ ရှိနေသည်။ ခရစ်သက္ကရာဇ် ၁၅၃၁-၁၅၃၃ ခုနှစ် ဒုတိယ မြောက်ဦး ခေတ်ကို တည်ထောင်ခဲ့သည့် မင်းဗာဘုရင်နန်းတက်လာသည့်အခါ ကုသိုလ်တော်အဖြစ် သဘာဝကျောက်တောင်များကို ဂူထွင်း၍ ဘုရားများ တည်ထားကိုးကွယ် ခဲ့သည်။ မင်းဗာဘုရင်နောက်ပိုင်း ပြောင်းလဲရွေ့လျားလာသည့် ခေတ်အဆက်ဆက်တွင်လည်း ကုသိုလ်ရှင် စေတနာရှင်များက ဂူပေါက်များကို တိုးချဲ့ ထွင်းထုကာ ဘုရားဆင်းတုတော်များကို ထုဆစ်သွန်းလောင်း၊ ကိန်းဝပ်စံပယ်စေပြီး ကိုးကွယ်ခဲ့ကြ၍ ယနေ့တွင် ရခိုင်ပြည်နယ်တစ်ဝန်း၌ ဂူဘုရားများကို ကုသိုလ်ယူ ဖူးမြော်နေကြရသည်။