လူငယ်တွေကို လမ်းပေါ်ထွက်ဖို့ လှုံ့ဆော်မှုတွေရပ်တန့်ပေးပါ
မန္တလေးက ဆယ်ကျော်သက် အမျိုးသမီးလေးတစ်ဦး ဆန္ဒပြပွဲအတွင်း သေဆုံးသွားတဲ့သတင်း တစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်။ ထို့အတူ အနယ်နယ်အရပ်ရပ်က လူငယ်မျိုးဆက်သစ်ကလေးတွေ သေဆုံးတဲ့သတင်းတွေကို မြင်တွေ့ရတဲ့အခါ ပြည်သူတစ်ဦးအနေနဲ့ ဝမ်းနည်းယူကျုံးမရဖြစ်မိပါ တယ်။ ကိုယ့်သားအရွယ်၊ သမီးအရွယ်၊ တူ၊ တူမလေးတွေအရွယ်တွေမို့ ကရုဏာလည်း သက်မိ ပါတယ်။