ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန၏ စီစဉ် ကြီးကြပ်မှုဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ဧရာ၀တီဌာနခွဲ)၏ ခရီးစဉ်တစ်ခုဖြစ် သည့် မန္တလေး- ဗန်းမော် သင်္ဘောခရီးစဉ်ကို ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိရာ ယမန်နေ့ နံနက် ၆ နာရီတွင် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာခဲ့သည်။
ဗဟိုအကျဉ်းထောင်(မန္တလေး) မှ အကျဉ်းသား ၁၁၄၇ ဦး လွတ်မြောက်
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရှိ ဗဟိုအကျဉ်းထောင်(မန္တလေး) ဓမ္မာရုံ၌ ယနေ့ နံနက် ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းခွင့်အမိန့်ဖြင့် လွတ်မြောက် သော အကျဉ်းသား/ အကျဉ်း သူများအား မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးကျော်စိုး၊ မန္တလေးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်မွန်လတ်၊ မန္တလေးခရိုင် လူဝင်မှုကြီးကြပ်ရေးမှူး ဦးရဲရင့်ထွန်း၊ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်းတို့က ဩဝါဒစကား ပြောကြားကြသည်။
ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီ၊ ပုထိုးများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်
ပြည်တွင်း၊ ပြည်ပဘုရားဖူးခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်း ဝင်တန်ခိုးကြီး ဘုရားများနှင့် စေတီပုထိုးများကို ယခင်က ကိုဗစ် - ၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ဖေဖော်ဝါရီ ၈ရက် နံနက်ပိုင်းမှစပြီး ကိုဗစ် - ၁၉ ကာကွယ်ရေး စည်းကမ်း ချက်များ နှင့်အညီ ပြန်လည် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။