မန္တလေး မတ် ၂၅ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန၏ စီစဉ် ကြီးကြပ်မှုဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ဧရာ၀တီဌာနခွဲ)၏ ခရီးစဉ်တစ်ခုဖြစ် သည့် မန္တလေး- ဗန်းမော် သင်္ဘောခရီးစဉ်ကို ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိရာ ယမန်နေ့ နံနက် ၆ နာရီတွင် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာခဲ့သည်။ အဆိုပါ မန္တလေး-ဗန်းမေသင်္ဘောခရီးစဉ်ကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ဧရာ၀တီ ဌာနခွဲ)ရှိ ခရီးသည်နှင့် ကုန်စည်တင်ဆောင်နိုင်သည့် နှစ်ထပ်သင်္ဘောရေယာဉ်များဖြင့် ပြေးဆွဲလျက်ရှိရာ ယနေ့ တွင် ပြဒါးပျံအမည်ရှိ သင်္ဘောဖြင့် ခရီးသည် ၁၀ ဦး၊ ကုန်ချိန် ၅၃တန် တင်ဆောင်၍ မန္တလေးဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာသွားခြင်းဖြစ်ပြီး လမ်းခရီးတွင် ကျောက်မြောင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာနှင့် ရွှေကူမြို့ ဆိပ်ကမ်းများသို့ ဆိုက်ကပ်ကာ ခရီးသည်နှင့် ကုန်စည်များ အား သယ်ယူပို့ဆောင်ပေးသွားမည်ဖြစ်သည်။ မန္တလေး- ဗန်းမော် သင်္ဘောခရီးစဉ်ကို အပတ်စဉ် တစ်ပတ်လျှင် နှစ်ကြိမ် တနင်္လာနေ့နှင့် ကြာသပတေးနေ့တွင် ပုံမှန်ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ပြီး လိုက်ပါစီးနင်းလိုသည့် ခရီးသည်နှင့် ကုန်တင်ပို့ လိုသူများအနေဖြင့် ဧရာဝတီဌာနခွဲ ဖုန်း ၀၂-၄၀၃၆၀၃၅ နှင့် ဆိပ်ကမ်းမှူး ဖုန်း ၀၉-၄၄၄၆၅၃၁၃၁ တို့သို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း အဆိုပါဌာနခွဲမှ သတင်းရရှိသည်။ သတင်းစဉ်