Skip to main content

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်းအင်းနေ့

ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် (၆၉/၂၈၂) အရ ကမ္ဘာ့စာရင်းအင်းနေ့အဖြစ် အောက်တိုဘာလ ၂၀ ရက်နေ့ကို သတ်မှတ်ပြီး ၅ နှစ်တစ်ကြိမ်ကျင်းပရန် ဆုံးဖြတ် ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဗဟိုစာရင်းအင်းအဖွဲ့ကကြီးမှူး၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင်လည်းကောင်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် လည်းကောင်း ကျင်းပခဲ့ပါသည်။ ယခုနှစ် ကမ္ဘာ့စာရင်းအင်းနေ့အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံး စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပနေကျ ပုံစံအစား ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်သာ ကျင်းပမည်ဖြစ်ပါသည်။
Subscribe to ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်းအင်းနေ့