ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့နံနက်ပိုင်းက ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ One State One Township Project စီမံချက် ဖြင့် ဂွမြို့ပေါ် ရပ်ကွက်များ မြေငှားဂရန်ထုတ်ပေးခြင်း နှင့် ပြန်လည်စွန့်လွှတ်မြေများ မူလပိုင်ရှင်များထံ ပေးအပ် ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တောနှင့် မာန်အောင်မြို့တို့တွင် "မိမိဆန္ဒအလျောက်" တွဲဖက်တာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ စစ်တွေမြို့သို့ ရောက်ရှိ
ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တောနှင့် မာန်အောင်မြို့တို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ၌ “မိမိဆန္ဒ အလျောက်” တွဲဖက်တာဝန်ထမ်းဆောင်မည့် ဆရာ ဝန်နှင့် သူနာပြုများသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာအမျိုးသား ပိုင် လေကြောင်းလိုင်းမှ အထူးလေယာဉ် ဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စစ်တွေဆေးရုံကြီး၌ ယာယီတာဝန်ထမ်းဆောင်နေသည့်ဆရာဝန်နှင့် သူနာပြုများအား သွားရောက် တွေ့ဆုံ၊ ကိုဗစ်-၁၉ လူနာများအတွက် သီးသန့်လူနာဆောင်များ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေဆေးရုံကြီး၌ ယာယီတာ ဝန်ထမ်းဆောင်နေသည့်ဆရာဝန်နှင့် သူနာပြုများအား သွားရောက်တွေ့ဆုံပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာ များအတွက် သီးသန့်လူနာဆောင်များ ဆောင်ရွက် နေမှုများအားလှည့်လည်ကြည့်ရှု စစ်ဆေးသည်။