Skip to main content

ချင်းပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၏ (၂/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လူမှု အားမာန်အဖွဲ့များ (Inclusive Self-Help Group)ဖွဲ့စည်းခြင်း အစည်းအဝေးကျင်းပ

ချင်းပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၏ (၂/၂၀၂၀)လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လူမှု အားမာန်အဖွဲ့များ(Inclusive Self-Help Group) ဖွဲ့စည်းခြင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ချင်းပြည်နယ် သက်ကြီး ရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က မိမိတို့နိုင်ငံအတွင်း တိုးပွားလာသည့် သက်ကြီးရွယ်အိုများနှင့်အတူ သက်ကြီးရွယ်အိုဘဝ ဝင်ငွေမလုံခြုံမှု၊ ကျန်းမာရေးပြုစု စောင့်ရှောက်မှုဆိုင်ရာပြဿနာနှင့် လူမှုရေး အထီးကျန်မှုဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေ ရပြီဖြစ်သည့်အတွက် သက်ကြီးရွယ်အိုဘဝ ပုံမှန်ဝင်ငွေရရှိရေး၊ လူမှုဘဝ သာယာစိုပြေရေး ကျန်းမာရေး စောင့်ရှောက်မှု စသည့်ကဏ္ဍများကို တိုးမြှင့်ဆောင်ရွက် ရမည် ဖြစ်ကြောင်းနှင့် အဆိုပါကဏ္ဍများကို ဆောင်ရွက် ပေးနိုင်မည့် လူမှုအားမာန် အဖွဲ့များကို မိမိတို့ရပ်ရွာဒေသအလိုက် ဆက်လက်ဖွဲ့စည်းနိုင်ရေးနှင့် ရေရှည် တည်တံ့ရေးအတွက် တက်ရောက်လာကြသည့် သက်ကြီးရွယ်အိုကော်မတီဝင် ဆက်စပ်ဌာနများ၊ လူမှုအဖွဲ့ အစည်း အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
Subscribe to ဟားခါး