မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ်များနှင့် ဆက်နွှယ်နေသော လမြတ်ဝါဆို
ငြိမ်းချမ်းမေ
မြန်မာနိုင်ငံတွင် နွေမိုးဆောင်း ရာသီဥတုသုံးပါး၌ ချစ်စရာကောင်းသော ဆယ့်နှစ်လရာသီပွဲများ ရှိပေသည်။ မြန်မာလများဖြစ်သည့် တန်ခူးလမှ တပေါင်းလအထိ လအလိုက်ပွဲတော်များရှိကြသည်။ ထိုလများထဲတွင် ဝါဆိုလသည် ထူးမြတ်၍ ကြည်နူးစရာကောင်းသော လတစ်လဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)နှင့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တို့တွင် အခြားနေ့များထက်ပို၍ ကောင်းမှုပြုရန် စိတ်အားထက်သန်ကြသည်။ မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ်များနှင့် ဆက်နွှယ်နေသောကြောင့်ဖြစ်သည်။