လူမှုရေး

ပဲခူးမြို့ရှောင်လမ်းများနှင့်အတူ တိုးတက်လာမည့် ဒေသစီးပွား

 

 ဗညားဦး
 

နိုင်ငံအတွင်း အထက်အောက်  စုန်ဆန် ကုန်စည် ကူးသန်းရေးအတွက် မြို့တွင်းသို့ ကားကြီး၊ ကားငယ် အသွယ်သွယ်ဖြတ်သန်းစီးဝင်ရင်း  ပဲခူးမြို့သည် လှုပ်ရှားသက်ဝင်နေသည်။ ထိုသို့   ပဲခူးမြို့တွင်းသို့ နေ့စဉ် ခန့်မှန်းယာဉ်အစီးရေ  တစ်သောင်းကျော် ဖြတ်သန်းနေပြီး  အများအားဖြင့် ကုန်စည်သယ်ယူ ပို့ဆောင်သည့်   ကားကြီးများဖြစ်သည့်အတွက် ယာဉ်ကြောကျပ်တည်းမှုနှင့်အတူ ယာဉ်အန္တရာယ်  လမ်းအန္တရာယ် မကြာခဏဖြစ်ပေါ်လေ့ရှိသည်။

 

အတိတ်က သမဝါယမ၊ ယနေ့ သမဝါယမနှင့် သမ/ကျေးလက် ဝန်ကြီးဌာန

 

အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုဆောင်းပါး

 

မြင့်စိုး(နတလ)
 

 

ကျွန်တော်နှင့် လလသသ


ငယ်ငယ်တုန်းက “လလသသ” လို့ခေါ်တဲ့ လယ်ယာ နှင့်  လုပ်ငန်းပေါင်းစုံ သမဝါယမအသင်းဆိုင်မှာ စာအုပ်သွားထပ်ရတာ အမှတ်ရမိပါတယ်။ ထရံကာ၊ သွပ်မိုး၊ သုံးပင်နှစ်ခန်းဆိုင်လေးမှာ ဘကြီးအုန်းရွှေ က ဆိုင်တာဝန်ခံ၊ ကဲလားတံခါးလေးနားမှာ သူထိုင် တယ်။ စာအုပ်တွေကို သူ့ရှေ့က စားပွဲပေါ်မှာ ထပ်ရ တယ်။ ပျင်းရင် ဝါးကြမ်းခင်းထားတဲ့ သူတို့ဆိုင်ထဲ ကို ဝင်ကြည့်တဲ့အခါ ကြည့်ပေါ့။ ပစ္စည်းတွေထားတဲ့ အခန်းလေးထဲမှာ ဆားအိတ်တွေ၊ သကြားအိတ်တွေ ကြောင့်   အစိုပျံနေတတ်ပါတယ်။

 

ငါးရစ်/ငါးသန်ကာလ ငါးသယံဇာတထိန်းသိမ်းရေး ပူးပေါင်းပါဝင်ကူညီပေး

 

ပင်လယ်ပြာ(ငါးဦးစီး)
 

ငါးရစ်/ငါးသန်ကာလဖြစ်သည့် မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ဇူလိုင်လများတွင် မြစ်၊ချောင်း၊ အင်းအိုင်အနှံ့အပြား၌ ဥများဖြင့်ပြည့်နေသော ငါးမကြီးများနှင့် မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများသည် ဥချရန်နေရာရှာ၍ ငါးရစ်တက်လေ့ရှိကြသည်။

 

ပခုက္ကူဦးအုံးဖေတည်ထောင်သော (၂၈)ကြိမ်မြောက် ပခုက္ကူစာပေဆု

 

မောင်ငြိမ်းသူ (ကြို့ပင်ကောက်) 

 

“စာဖတ်ပရိသတ်ပြည်သူများအတွက် အကျိုးပြုစာပေများ ရှင်သန်ထွန်းကားရေးနှင့် မြန်မာစာပေဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရန်”ဟူသော ရည်ရွယ်ချက်ဖြင့် ပခုက္ကူမြို့ ဗိုလ်ချုပ်လမ်းနေ သိန်းတစ်ရာဆေးပေါင်းရုံပိုင်ရှင် ဦးအုံးဖေက သူ၏ စာပေဒါန  မတည်လှူဒါန်းငွေများဖြင့် ၁၉၉၄ ခုနှစ်မှ စ၍ ပခုက္ကူစာပေဆုကို နှစ်စဉ်ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင် (၂၈)ကြိမ်မြောက်   ပခုက္ကူစာပေဆုချီးမြှင့်ပွဲကို  ဇူလိုင် ၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်နေကြလေပြီ။

 

အကျိုးစီးပွားပဋိပက္ခနှင့် အဂတိဆက်နွှယ်မှု

 

ခင်သန့်စင်

ယနေ့ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှုသည်  ပုံစံ အမျိုးမျိုးဖြင့်    ဖြစ်ပေါ်နေပြီး   အဂတိလိုက်စားမှု ဖြစ်ပေါ်စေရန် တွန်းအားပေးနေသည့်  အကြောင်း အရင်းများလည်း   များစွာပေါ်ပေါက်လျက်ရှိပါသည်။ အဂတိဖြစ်ပေါ်စေသည့်  အကြောင်းအရင်းများစွာ အနက်မှ   အကျိုးစီးပွားပဋိပက္ခ   (Conflict    of Interest- COI)   နှင့်စပ်လျဉ်း၍    ကမ္ဘာတစ်ခွင်ရှိ နယ်ပယ်အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ပြောဆိုလာကြပါသည်။ 

 


နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့
Transparency International (TI) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ဝင် ကမ္ဘောဒီးယားနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်မှုများ

 

လင်းလက်
 

အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့


အာဆီယံ    အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့  (ASEAN Parties Against Corruption _ ASEAN-PAC) သည် ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ဘရူနိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများက    အဂတိလိုက်စားမှု    တားဆီး ကာကွယ်ရေးနှင့်  တိုက်ဖျက်ရေးတို့တွင်   ပူးပေါင်း ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ လက်မှတ်ရေးထိုး ခဲ့သည့်   နားလည်မှုစာချွန်လွှာကို    အခြေခံ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ 

 

အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်းအကြောင်း သိကောင်းစရာ

 

အိသဉ္ဇာအောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ဘဏ္ဍာရေးရှင်းတမ်းများစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ 

 

သတင်း စားသုံးကြသူများ

မောင်မောင်ဟိန်း(အင်းတိုင်) လူသားတိုင်း နေ့စဉ် သတင်း စားသုံးကြသည်။ သတင်းတစ်ပုဒ်သည် အကြောင်းအကျိုး၊ အကောင်းအဆိုးများစွာ ပါဝင်နေတတ်သည်။ သတင်းအာဟာရ အကျိုးကျေးဇူးရရှိမှုသည် စားသုံးသူ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမှု၊ စိတ်ခံစားမှုတို့အပေါ် မူတည်၍ ရရှိခံစားကြရမည်သာ ဖြစ်သည်။ သတင်းဆိုသည်မှာ ကြားသိအပ်သော အဖြစ် အပျက်၊ အကြောင်းအရာများကို ဆိုလိုသည်။ မည်သည့်အကြောင်းအရာ၊ အဖြစ်အပျက်မဆို သတင်းတင်ဆက်သူ၏ တစ်နည်းအားဖြင့် သတင်း ဖြန့်ဝေသူ၏ အာဘော် လိုလားချက်များ ရောပြွမ်း နေတတ်သည်ကို သတိပြုအပ်သည်။ သတင်း တစ်ပုဒ်ကို တင်ဆက်သူများက ဘက်ပေါင်းစုံမှ လိုရာပုံဖော်တတ်ကြသည်။

လူနေမှုဘဝသာယာဖို့ အအေးပေးနည်းပညာမြှင့်တင်စို့ (Cooling Matters)

ဇွန် ၂၆ ရက်တွင် ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ ဂုဏ်ပြုဆောင်းပါး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သက်တမ်း နှစ်ပေါင်း ၄ ဒသမ ၅၄ ဘီလီယံရှိပြီဖြစ်သော ကမ္ဘာမြေပေါ်တွင် လူသားများ စတင်ပေါက်ဖွားလာ သည်မှာ နှစ်ပေါင်း ၅-၇ သန်းခန့် ရှိပြီဖြစ်ပြီး ယခုအခါ လူဦးရေမှာ ၈ ဘီလီယံခန့်အထိ ရောက်ရှိလာနေ ပြီဖြစ်သည်။ သက်ရှိနှင့် သက်မဲ့ဟူ၍ တည်ရှိနေရာ သတ္တဝါနှင့်အပင်များသည် သက်ရှိများဖြစ်ပြီး သတ္တဝါများထဲတွင် လူသည် ပင်ကို အသိဉာဏ်အရှိဆုံးဖြစ်ကာ ဘာသာစကားဖန်တီးနိုင်ခြင်း၊ ခက်ခဲသော ပြဿနာအမျိုးမျိုး ဖြေရှင်းနိုင်ခြင်း၊ ကိုယ်ပိုင်ခံစားချက်နှင့် တွေးခေါ်မြော်မြင်မှုကို ဖော်ပြနိုင်ခြင်းစသည့် စွမ်းရည်များ
Subscribe to လူမှုရေး