NCA လုပ်ငန်းစဉ်ကို မသွေဖည် တစ်စည်းတစ်လုံးတည်း ဆက်လက်ဖော်ဆောင်ကြရမည်
NCA (၁၀) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး
မောင်ငြိမ်းအေး
လောက၌ တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ပါတီနှင့် တစ်ပါတီ နိုင်ငံရေးစနစ် သို့မဟုတ် ယုံကြည်ချက်မတူနိုင်၊ မတူသော်ငြားလည်း အတူနေထိုင်ခြင်းသည် သာယာဝပြောသော လူ့ဘောင် သို့မဟုတ် ယဉ်ကျေးသော ဒီမိုကရေစီဟုဆိုနိုင်သည်။ ဒီမိုကရေစီစနစ်တွင် အခြားသူ၊ အခြားအဖွဲ့အား ရန်မပြုဘဲ မိမိနှစ်သက်သည့်စနစ် သို့မဟုတ် ယုံကြည်ချက်ကို ထူထောင်ခွင့်ရှိသည်။ သို့မဟုတ်မူဘဲ “ငါနှင့်မတူ ရန်သူ”ဟု သတ်မှတ်သူသည်ကား အာဏာရှင် သို့မဟုတ် စစ်ကိုလိုလားသူ သို့မဟုတ် ငြိမ်းချမ်းရေးကို လက်မခံသူဟု ဆိုနိုင်သည်။
