စိုက်မွေးစွမ်းအား တို့အားထား၍ တိုးတက်စေမည် ဂျီဒီပီ
နိုင်ငံတိုင်းဟာ စီးပွားရေးအင်အားကောင်းမွန်စေဖို့ တစ်နည်းအားဖြင့် ဂျီဒီပီတိုးတက်ဖို့ကို ဆောင်ရွက်ကြပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ဂျီဒီပီမှာပါဝင်တဲ့ ကဏ္ဍကြီး သုံးခုဖြစ်တဲ့ လယ်ယာကဏ္ဍကြီး၊ စက်မှု ကဏ္ဍကြီးနဲ့ ဝန်ဆောင်မှုကဏ္ဍကြီး (Agriculture ၊ Industry and Services – AIS) တို့ တိုးတက်ရေးကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ကြပါတယ်။ ဒီလိုကြိုးပမ်းတဲ့နေရာမှာ မိမိတို့နိုင်ငံအလိုက် စီးပွားရေး ကို တွန်းအားပေးနိုင်တဲ့ အခြေခံကောင်းများပေါ် မူတည်ပြီး ဘယ်ကဏ္ဍ က စီးပွားရေးကို တွန်းအားပေးနိုင်လဲဆိုတာကို အခြေခံစဉ်းစား ဆောင်ရွက်ကြပါတယ်။ ဒီကဏ္ဍကြီးများရဲ့ စီးပွားရေးမှာ ပါဝင်မှုအချိုး ကို တစ်နည်းအားဖြင့် စီးပွားရေးဖွဲ့စည်းမှုပုံစံ (Economic Structure) လို့လည်း ခေါ်ကြပါတယ်။ ဒီ AIS အချိုးပြောင်းလဲမှုကို သုံးသပ်ပြီး စီးပွားရေးကဏ္ဍများ၏ တိုးတက်ပြောင်းလဲမှုအခြေအနေကို ခန့်မှန်း နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ကတော့ စိုက်ပျိုးရေး၊ မွေးမြူ ရေးကို အဓိကအားထားဆောင်ရွက်ကြပြီး ထိုမှတစ်ဆင့် အခြားကဏ္ဍ များတိုးတက်ရေးကို ဆောင်ရွက်တာတွေ့ရပါတယ်။