မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို ခရိုင်အလိုက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ကျင်းပနေကြပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို ၁၉၉၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲတွေကို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျင်းပခဲ့ခြင်းမရှိဘဲ ၂၀၂၂ ခုနှစ်မှ ပြန်လည်ကျင်းပခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် (၂၅) ကြိမ်မြောက် ပြိုင်ပွဲကြီးကိုတော့ ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲကြီးအဖြစ် ခမ်းနားထည်ဝါစွာ ကျင်းပတော့မှာ ဖြစ်ပါတယ်။