ရှေ့သို့လှမ်းချီ အေဂျီအမ်ဆီသို့ . . . . .
မိမိတို့နိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကာ မြန်မာမင်းများ တည်ဆောက်အစပြုခဲ့သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၀၀ ကျော် အေးအတူ၊ ပူအမျှ ချစ်ကြည်ရင်းနှီးစွာ ရှေးပဝေသဏီကတည်းက အတူတကွနေထိုင်ခဲ့ကြသော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်စွာဖြင့် ကူးလူးဆက်ဆံခြင်း၊ ချစ်ကြည်ရင်းနှီးမှုနှင့် လူမျိုးစွဲ၊ ဝါဒစွဲ၊ ဒေသစွဲမထားရှိဘဲ ငြိမ်းချမ်းစွာ အတူတကွနေထိုင်ခြင်း စသော ချစ်စရာကောင်းသည့် အမူအကျင့်များဖြင့် ပေါင်းစည်းကာ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ ဥမကွဲသိုက်မပျက် စုပေါင်းညီညာ တင့်တယ်စွာနေထိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။