Skip to main content

NCA မှသည် . . . ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဆီသို့

နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့မှုဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာ (၉) နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့နဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုမျှော်မှန်းပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အကောင်အထည်ဖော်နိုင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဟာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပင်မရေသောက်မြစ်ပဲ ဖြစ်ပါတယ်။ အမှန်တကယ် နိုင်ငံတော်ရဲ့အဓိကအကျဆုံး ပကတိလိုအပ်ချက်ကလည်း ‘ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး’လို့ ဆိုရမှာဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၁၀၄) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၇) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၁၀၄) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၇) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

မြန်မာ့ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ငွေရတုချိန်ခါမင်္ဂလာ

ဂီတစွမ်းအားပြည်ထွန်းကားဟူသောခံယူချက် ဖြင့် ဂီတအနုသုခုမခရီးလမ်းတွင် လျှောက်လှမ်းနေ ကြသည့် ဂီတအနုသုခမပညာရှင်တို့သည် ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီး၏ ငွေရတုချိန်ခါ မင်္ဂလာကာလဖြစ်သောကြောင့် ပို၍ ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ ဂုဏ်ယူ ဝမ်းမြောက်ကြရပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ဂီတ အနုသုခုမပုံရိပ်သည် ထိုနိုင်ငံ၏ ယဉ်ကျေးမှုအဆင့် အတန်းကို တိုင်းတာပြသသည့် ပြဒါးတိုင်သဖွယ် လည်းဖြစ်သည်။ မြန်မာ့ဂီတအနုသုခုမဟုဆိုလိုက်သည်နှင့် “ကြည်ကြသည့် ဂီတ၊ ပီသသည့်အသံ၊ အံဝင်သည့်စာသား၊ ဂီတမှာအသံ၊ အလင်္ကာမှာ ကာရန်” ဟူသော မြန်မာ့အဆို၊ အက၊ အရေး၊ အတီး ပညာတစ်ပါးလည်း ပါဝင်လာပါသည်။ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်အနုပညာသည် ဖလှယ်ရေးကိရိယာ ဖြစ်သော်လည်း မိမိ၏အမျိုးသားမူ၊ အမျိုးသားဟန်၊ အမျိုးသားစံ၊ ကိုယ်ပိုင်အမျိုးသားစရိုက်လက္ခဏာကောင်းများပါရှိရစမြဲဖြစ်သည်။

နိုင်ငံရေးပြဿနာကို စစ်ရေးပရိယာယ်ဖြင့် ဖြေရှင်းသည့် ကမ္ဘာ့အဖျက်လုပ်ရပ်များ

 ယနေ့ကမ္ဘာကြီးတွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာနေပြီး WW - III (တတိယကမ္ဘာစစ်) ဟူသော စကားလုံးမှာ ထမင်းစားရေသောက်ဖြစ်လာသည်။ အစ္စရေး-ဂါဇာစစ်ပွဲက ဂါဇာနယ်မြေမှတစ်ဆင့် လက်ဘနွန်နိုင်ငံထဲအထိ စစ်မျက်နှာကျယ်ပြန့်သွားချိန်မှာ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြစ်နေသော ရုရှား - ယူကရိန်း ပဋိပက္ခကလည်း ယခုအချိန်အထိ ပြီးဆုံးဖွယ်လမ်းစမမြင်။ ကမ္ဘာကြီးမှာအရာရာသည် အပျက်ဘက်ကို ဦးတည်လာနေသလား မြင်နေရသည်။ အရှုံးအနိုင်မပေါ်နိုင်သော ကမ္ဘာ့နေရာအချို့မှ စစ်ပွဲများတွင် အခွန်ထမ်းပြည်သူများ၏ ငွေကြေးဓနများကို ဘာကြောင့်သုံးစွဲနေကြပါသလဲ.. နိုင်ငံရေးပြဿနာအပါအဝင် အကျပ်အတည်းပေါင်းစုံကို စစ်ရေးနည်းလမ်းထက် နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်းများဖြင့် အပြုသဘောဆန်ဆန် ညှိနှိုင်းမဖြေရှင်းသင့်ဘူးလား.. စသည်ဖြင့် စဉ်းစားမိသည်။

အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့

အောက်တိုဘာလ ၁၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction-IDDRR) ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားများကိုစာရေးသူတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် နှစ်စဉ်ကျင်းပခဲ့ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်း နှစ်စဉ်ပိုမိုကြုံတွေ့လာရသည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အလေးထားကာ ထိရောက်စွာလျှော့ချနိုင်ရန် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၉ ခုနှစ်အထိ ၁၀ နှစ်တာကာလကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေး ဆယ်စုနှစ် (The International Decade for Natural Disaster Reduction - IDNDR) အဖြစ် သတ်မှတ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများအားလုံး တိုးမြှင့်ဆောင်ရွက်ခဲ့ကြသည်။
Subscribe to