ငလျင်ဒဏ်ကြောင့် ငါးလုပ်ငန်းမွေးမြူရေးနှင့် ထုတ်လုပ်ရေးအပေါ် အကျိုးသက်ရောက်မှု
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် သမားရိုးကျ ခြိမ်းခြောက်မှုမဟုတ်သည့် သဘာဝဘေးအန္တရာယ်များကို တစ်မျိုးမဟုတ်တစ်မျိုး ရင်ဆိုင်ကြုံတွေ့ကျော်လွှား ဖြတ်သန်းနေကြရပါသည်။ သဘာဝဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းရန်ခက်ခဲပြီးရေကြီးမှု၊ မြေပြိုမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ ငလျင်လှုပ်ခတ်မှုနှင့် တောမီးလောင်ကျွမ်းမှုများကအချိန်မရွေး၊ နေရာဒေသမရွေးဖြစ်ပွားလာနိုင်သည်။ ယနေ့မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက် ကြောင့်ဖြစ်ပေါ်လာသော အစွန်းရောက် ရာသီဥတုဖြစ်စဉ်များကို ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင်ကြုံတွေ့နေရပြီး မြန်မာနိုင်ငံ၌လည်း ၂၀၂၃ ခုနှစ်မေလတွင် မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ရာဂီမုန်တိုင်း၏အကြွင်းအကျန် တိမ်တိုက်များကြောင့် ရေကြီးရေလျှံဘေးတို့ကို ရင်ဆိုင်ကျော်လွှားခဲ့ကြရပါသည်။