MRTV E-Services
ဌာနဆိုင်ရာများ၊ ကုမ္ပဏီ၊ အသင်းအဖွဲ့တို့ ကျင်းပပြုလုပ်သည့် အခမ်းအနားများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် သတင်းအဖြစ် ရိုက်ကူးထုတ်လွှင့်လိုပါက ဘေး Logo အား Click နှိပ်ပြီး ပုံစံ ဖြည့်သွင်းကာ Submit နှိပ်၍ ရိုက်ကူးခွင့် တောင်းခံနိုင်ပါသည်။ | |
မြန်မာ့အသံ (ရေဒီယို) မှ ထုတ်လွှင့်နေသော မြန်မာပိုင်းအစီအစဉ်တွင် မွေးနေ့လက်ဆောင်၊ သောတရှင်လိုရာတေး၊ အမှတ်တရတေးလက်ဆောင်၊ မင်္ဂလာလက်ဆောင်တေး၊ စစ်သည်အတွက် တေးလက်ဆောင် အစရှိသောကဏ္ဍများတွင် ပြည်သူများအနေဖြင့် ပါ၀င်သီချင်း တောင်းဆိုလိုပါက ဘေး Logo အား Click နှိပ်ပြီး ပုံစံများဖြည့်သွင်းကာ Submit နှိပ်၍ တောင်းဆိုနိုင်ပြီဖြစ်ပါသည်။ ထုတ်လွှင့်ပေးမည့် ရက်ကို e-mail မှတစ်ဆင့် Reply ပြန်ပေးမည်ဖြစ်ပါသဖြင့် (၇) ရက်ကြိုတင် ပို့ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ နားဆင်လိုသောနေ့ရက်ကို အတတ်နိုင်ဆုံး ကြိုးစား ထုတ်လွှင့် ပေးပါမည်။ သို့သော် ထုတ်လွှင့်ချိန်ပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။ | |
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ စတူဒီယိုအတွင်းဌာနဆိုင်ရာများမှ အစီအစဉ်များ ရိုက်ကူးထုတ်လုပ် လိုပါက၄င်း၊ ပြင်ပအနုပညာရှင်၊ ဝါသနာရှင်များမှ (တေးဂီတ၊ အကျိုးပြုတေး၊ ဓမ္မပူဇာတေး၊ အကပဒေသာ၊ တိုင်းရင်းသားအက၊ သူ့လက်သံ၊ သီချင်းကြီး၊ မဟာဂီတ၊ ရိုးရာမဟာသင်္ကြန် အဆိုအက) အစီအစဉ်များ ရိုက်ကူးထုတ်လုပ်လိုပါက ဘေး Logo အား Click နှိပ်ပြီး e-Service ဖောင်ပုံစံတွင် ဖြည့်သွင်းပေးပို့ တောင်းခံနိုင်ပါသည်။ သတ်မှတ်ချက်များအနေဖြင့် ရိုက်ကူးခွင့်ကို (၁၀)ရက် ကြိုတင်ပေးပို့ရမည် ဖြစ်ပါသည်။ ရိုက်ကူးခွင့်ရမည့်နေ့ရက်၊ အချိန်တို့ကို email ဖြင့် အကြောင်းပြန်ကြား ပေးမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိလျင် ရိုက်ကူးမည့်နေ့တွင် မှတ်ပုံတင်ယူဆောင်လာရမည်။ |