Skip to main content

Mar 31, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

သီပေါမြို့နယ်တွင် ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ပေါင်းစပ်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၂၂ နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနသို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲပထမနေ့ မြန်မာစာဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုပြီး သက်ဆိုင်ရာတာ၀န်ရှိသူများအား ၂၀၂၂ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စည်းကမ်းရှိစွာဖြင့် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာဆောင်ရွက် ကြရမည့် တာ၀န်၀တ္တရားများကို ကျေပွန်စွာဆောင်ရွက်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဝိုင်း၀န်းကူညီဆောင်ရွက်ပေးကြရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကာ နိုင်ငံ တကာမှခရီးသည်များ အဓိက ဝင်/ ထွက်ပေါက်ဖြစ်သည့် နိုင်ငံတကာဆိုက်ရောက် (International Arrival) အဆောက်အဦနှင့် ပြည်တွင်းဆိုက်ရောက် (Domestic Arrival) အဆောက်အဦအတွင်း ဝန်ကြီးဌာနမှ ခရီးသွားဧည့်သည်များအတွက် ဖွင့်လှစ်ထားသော သတင်းနှင့် ပြန်ကြားရေးကောင်တာ (Tourist Information Counter) များကို စစ်ဆေးကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူး၍ (၂၇) ကြိမ် မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

အနုပညာရှင်များ စီးနင်းလိုက်ပါလာသည့် မီးရထားအား အကြမ်းဖက်သမား များက မိုင်းခွဲတိုက်ခိုက်မှုအပါအဝင်အကြမ်းဖက်လုပ်ဆောင်မှုမှန်သမျှကို လုံးဝ(လုံးဝ) လက်မခံကန့်ကွက်ကြောင်း မြန်မာနိုင်ငံစာရေးဆရာ သတင်းက သဘောထားထုတ်ပြန်

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

အနုပညာရှင်အဖွဲသားများ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းအပေါ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကန့်ကွက်ရှုတ်ချ

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်ပါမောက္ခချုပ် များ၊ ဆရာအတတ် ပညာဦးစီး ဌာနရှိ ပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီး ဌာနရှိ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် မှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည်ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်-၁၈ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြု လုပ်ခဲ့ရာ အဆိုပါအစည်းအဝေး သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

သုတေသနဟူသော ဝေါဟာရတွင် သုတနှင့် ဧသနတို့ ပေါင်းစပ်ပါဝင် သည်။ သုတသည် အကြား၊ အမြင်ဖြစ်၍ ဧသနသည် ရှာမှီးခြင်းဟူ၍ ဖြစ်ရာ သုတေသနဆိုသည်မှာ အကြောင်း အရာ တစ်ရပ်ကို ခြေခြေ မြစ်မြစ် သိရှိနိုင်ရန် လေ့လာရှာဖွေဖော် ထုတ်ခြင်းပင်ဖြစ်သည်။ မသိသေးသည့်အရာကို သိလာခြင်းအားဖြင့် ပို၍တိုးတက်အောင် ပြုလုပ်လာနိုင်ခြင်းကြောင့် စိုက်ပျိုးရေးသုတေသန၊ ဆေးသုတေသန၊ သစ်တောသုတေသန၊ နိုင်ငံသမိုင်းသုတေသန၊ ရှေးဟောင်း သုတေသန စသည်ဖြင့်ဌာနများဖွဲ့စည်းကာ

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

တစ်ကမ္ဘာလုံး ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှစ၍ ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းလာခဲ့ရာ အခြားနိုင်ငံများ နှင့်နှိုင်းစာလျှင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ဖြတ်ကျော်လာနိုင်ခဲ့သည်။ ကပ်ရောဂါဘေးကို ကျော်ဖြတ်ရာ၌ နိုင်ငံတော်အစိုးရ၏ အနီးကပ်ကြီး ကြပ်လမ်းညွှန်မှု၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများ၏ တက်တက် ကြွကြွဆောင်ရွက်မှုနှင့် ပြည်သူများ၏ အသိတရားဖြင့် နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်မှုတို့ကြောင့် အကောင်းဆုံးအနေ အထားသို့ရောက်လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 30, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ် - ၁၉ ကာလအတွင်း ထိခိုက်ခဲ့သည့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများပြန်လည်တိုးတက်ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ နိုင်ငံကျော်အနုပညာရှင်များပါဝင်သည့် အဖွဲ့ တစ်ဖွဲ့ အား ပြည်တွင်းရှိ အထင်ကရနေရာများသို့ လိုက်လံ ပို့ဆောင်ပေးလျက်ရှိရာ မတ် ၂၉ ရက်တွင် မှတ်တမ်းဓာတ်ပုံဗီဒီယိုများ ရိုက်ကူးပြီး

ဆက်လက်ဖတ်ရှုရန်

Mar 30, 2022

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ ဆောင်ရွက်နေသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း များတွင်အသုံးပြုရန် အတွက် COVAX Facility မှထောက်ပံ့ပြီး UNICEF အဖွဲ့အစီအစဉ်ဖြင့် ပြည်ပမှတင်သွင်းသည့် Sinovac (CoronaVac) Vaccine သည် ယနေ့နေ့လယ် ၃ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးလေဆိပ်မှ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 30, 2022

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ “ကံပွင့်” အမွှေးတိုင်အလုပ်ရုံအတွင်းသို့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက PDF အမည်ခံအကြမ်းဖက်သမား ၇ ဦး ဝင်ရောက်လာပြီး သေနတ် များဖြင့် ခြိမ်းခြောက်ကာ အလုပ်ရုံဝင်းအတွင်း အမွှေးဆီများသိုလှောင်ထားသည့် ဂိုဒေါင်တစ်လုံးကို မီးရှို့ ဖျက်ဆီးပြီး အလုပ်ရုံအတွင်းရှိ အလှူခံပုံးအတွင်းမှ ငွေကျပ် ၂ သိန်းအား လုယက်ယူဆောင်ကာ အလုပ်ရုံမန်နေဂျာအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 30, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်း များကို စနစ် တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံ မှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်