Jun 08, 2022
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် ယနေ့မွန်းလွဲပိုင်းတွင်မြန်မာနိုင်ငံအပူပိုင်း သစ်တောကြိုးဝိုင်းများ၏ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသတွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးစီမံကိန်းဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် မယ်ညိုတောင် ကြိုးဝိုင်းအကွက်အမှတ် (၁၁)ရှိ (၆/၂၀၂၀) တံခွန်တိုင်ဆည်ရေဝေရေလဲစိုက်ခင်းဧက ၆၀ နှင့် ဝမ်းတွင်းမြို့နယ် မယ်ညိုတောင်ကြိုးဝိုင်း အကွက်အမှတ် (၁၀)ရှိ (၈/၂၀၂၀) ရေဝေရေလဲစိုက်ခင်းဧက ၂၀၀ သို့ရောက်ရှိရာ တာဝန်ရှိသူများက စိုက်ခင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းများရှင်သန်အောင်မြင်နေမှုကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားသည်။
Jun 08, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 08, 2022
နည်းပညာအခြေပြုသိုလှောင်ရုံထိန်းသိမ်းနည်းစနစ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 08, 2022
ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Jun 08, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၀၁၉-၂၀၂၀)၊ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်များတွင် ဒီပလိုမာသင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသားများအား ဒီပလိုမာ(ဗုဒ္ဓဓမ္မ)အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းပွဲနှင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် သင်တန်းသားသစ်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
Jun 08, 2022
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသောမြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာ့သမိုင်းအဖွဲ့မှရေးသားပြုစုလျက်ရှိရာ ပရိုင်းမိတ်ကာလ၊ ကျောက်ခေတ်ကာလ၊ ကြေးခေတ်၊ သံခေတ်ကာလ၊ သမိုင်းတင်ခေတ်ဦးပိုင်း၊ ပျူခေတ်ကာလတို့နှင့်ပတ်သက်၍ မူကြမ်းရေးသားပြီးစီးနေပြီဖြစ်သည့် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုတွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျသက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ ပြည်ပ ပညာရှင်များ၏ သုတေသနပြုဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသောသမိုင်းစဉ်ရရှိနိုင်ရန်အတွက် လက်တွေ့တူးဖော်သုတေသနပြုသည့်ပညာရှင်များ၊ ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ အတွေ့အကြုံရင့်အရာရှိကြီးများ၊ လက်တွေ့ဆောင်ရွက်နေသည့်ဝန်ထမ်းများနှင့် မြန်မာ့သမိုင်းအဖွဲ့မှပညာရှင်ကြီးများ၊ ဝန်ထမ်းများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၆ ရက်နှင့် ၇ ရက်တို့တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Jun 08, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနကျောက်စိမ်းခန်းမ၌ Tourism vs Skills Development ဟိုတယ်နှင့်ခရီးသွားကဏ္ဍကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် သည်။
Jun 08, 2022
ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဝန်ကြီးရုံးဝင်း၌ ကျင်းပသည်။
Jun 08, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ခံရသည့် H.E. Mr. J. M. Janaka Priyantha Bandara ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jun 08, 2022
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏(၂/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 08, 2022
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများကို သဇင် FM ၏“ ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် PDF အမည်ခံအကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင်နှစ်ဆောင်နှင့်စာသင်ခုံများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီ တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Jun 08, 2022
မူပိုင်ခွင့်(Copy Right)သည် ဥပဒေတစ်ရပ်ဖြစ်သည်။ ကိုယ်တိုင်ဖန်တီးထားမှုအား အကာအကွယ်ပေးခြင်းဖြစ်သည်။ မူပိုင်ခွင့်ဥပဒေသည် ဖန်တီးသူအတွက် ၎င်း၏ဖန်တီးထားသောအရာအားရောင်းချခြင်းဖြင့် ဝင်ငွေရရှိစေမှုကိုအထောက်အကူပြုသည်။ ထို့အပြင် ပိုင်ရှင်၏ ခွင့်ပြုချက်ရမှသာလျှင် ၎င်း၏လက်ရာ သို့မဟုတ် တီထွင်ပစ္စည်းကို ကူးယူနိုင်သည်။ တုပနိုင်သည်။ ခွင့်မပြုဘဲအသုံးပြုလျှင် အရေးယူခြင်းခံရနိုင်သည်။
Jun 08, 2022
မိမိတို့၏ နေ့စဉ်လူမှုဘဝများတွင် ပလတ်စတစ်ပစ္စည်းအမျိုးမျိုးတို့ကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသော်လည်း ၎င်းပစ္စည်းတို့၏ အန္တရာယ်အကြောင်းကို စဉ်းစားမိသူများလွန်စွာနည်းပါးမည် သို့မဟုတ် စဉ်းစားသူမရှိဟုပင် ယူဆနိုင်သည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ပလတ် စတစ်ပစ္စည်းမက်ထရစ်တန်ချိန် သန်း ၃၀၀ ခန့် ထုတ်လုပ်သုံးစွဲနေရာ ထက်ဝက်ခန့်မှာ တစ်ခါသုံးပစ္စည်းများဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ ပလတ်စတစ်သည် ပြန်လည်ပြုပြင်ထုတ်လုပ်နိုင်သည့် ပစ္စည်းဖြစ်သော်လည်း ကောက်ယူစုဆောင်းပြီး ပြန်လည်ပြုပြင်ထုတ်လုပ် နိုင်မှုမှာလွန်စွာနည်းပါး၍ စွန့်ပစ်မှုနှင့်နေရာအနှံ့အပြားသို့ ပြန့်ကျဲရောက်ရှိနေမှုရာခိုင်နှုန်းက လွန်စွာများပြားသည်။
Jun 07, 2022
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ဧကာဒသမအစည်းအဝေးကို ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း(၃၊ ၄၊ ၅၊ ၆) ရက်၊ ၂၀၂၂ ခုနှစ်၊ ဇွန် (၃၀) ရက်နှင့် ဇူလိုင် (၁၊ ၂၊ ၃)ရက်၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း (၇၊ ၈)၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင် (၄၊ ၅)ရက်၊ တနင်္လာ၊ အင်္ဂါနေ့များတွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဆရာတော်ကြီးများသည် ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း (၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ဇွန် (၂၉)ရက်၊ ဗုဒ္ဓဟူးနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့်ပင့်လျှောက်ထားပြီးဖြစ်သည်။
Jun 07, 2022
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့်အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
Jun 07, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
Jun 07, 2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ဘုရားအား ဖူးမြော်ကြည်ညိုရန်လာရောက်သည့် ဘုရားဖူးယာဉ်အား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက ဘုရားကုန်းပေါ်သို့ တက်ရောက်သည့်လမ်း၌ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သဖြင့် ဘုရားဖူးပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
Jun 07, 2022
ပညာရေးဝန်ကြီးဌာနမှထောက်ပံ့သည့် ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ်များကို ကရင်ပြည်နယ်အစိုးရအဖွဲ့က KNU/KNLA(PC) ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်းသား/သူများအတွက် ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Jun 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်၌ ငြိမ်းချမ်းရေးဆွေးနွေးမှုဆောင်ရွက်ခဲ့သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီ မိနစ်၂၀ တွင် နေပြည်တော်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။
Jun 07, 2022
ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှု၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာကျောင်းတည်ရှိသည့်