Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း J & M Steel Solution စက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံ လမ်းသစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဒီဇင်ဘာ  ၂၆


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် JFE Corporation တို့ Joint Venture ကုမ္ပဏီအဖြစ် တည်ဆောက်ထားသော J & M Steel Solution စက်ရုံသို့ရောက်ရှိပြီး အစည်းအဝေး ခန်းမ၌ ကုမ္ပဏီ MD ၊ ဒါရိုက်တာများနှင့် Board of Director (BOD) အစည်းအဝေး ပြုလုပ်သည်။

အစည်းအဝေးတွင်   ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး     Mr. Akeno Wataru က  စက်ရုံစီမံခန့်ခွဲ နေမှု၊ (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်  အရှုံး အမြတ်စာရင်း၊ (၂၀၂၀-၂၀၂၁) ခုနှစ် သံမဏိသံပေါင်များ ထုတ်လုပ်တင်ပို့ ရောင်းချမည့်     အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်  စပ်လျဉ်း၍ ဒုတိယဝန်ကြီးက သံပေါင်ထုတ်လုပ်မှု ဒီဇိုင်းများနှင့် ပတ်သက်၍ အင်ဂျင် နီယာပိုင်း ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ပေးကာ ယခုအခါ ဒေသတွင်း နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သော် လည်း နောင်တွင် ဒေသတွင်းနိုင်ငံ များသာမက အခြားအာရှနိုင်ငံများ သို့ပါ တင်ပို့ရောင်းချနိုင်ရေး ကြိုးစား ဆောင်ရွက်သွားရန်     မှာကြားပြီး စက်ရုံအတွင်း အိန္ဒိယနိုင်ငံ မွန်ဘိုင်း (Mumbai) တံတားအတွက် သံမဏိ သံပေါင်များ      ထုတ်လုပ်နေမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျမူနာ(Jamuna) တံတားအတွက် သံမဏိသံပေါင်များ ထုတ်လုပ်နေမှုများကို    လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

အဆိုပါစက်ရုံမှ သံမဏိသံပေါင် များကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၊    ရန်ကုန်မြို့တော် စည်ပင် သာယာရေး      ကော်မတီ၊ ပုဂ္ဂလိကများနှင့်   ပြည်ပနိုင်ငံများသို့ ရောင်းချလျက်ရှိရာ  ၂၀၁၉ ခုနှစ်တွင်  ၂၈၄၈၉ တန် တင်ပို့ ရောင်းချ နိုင်ခဲ့ပြီး  ၂၀၂၁  နှင့်  ၂၀၂၂ ခုနှစ်များတွင် အိန္ဒိယ  နိုင်ငံနှင့်     ဘင်္ဂလားဒေ့ရှ်နိုင်ငံများ           သို့  တန် တစ်သောင်းကျော်   တင်ပို့ ရောင်းချရန်နှင့် ပြည်တွင်းရှိ    ဂျိုင်း (ဇာသပြင်)၊  ဂျိုင်း(အတ္တရံ)၊   ဂျိုင်း (ကော့ကရိတ်) တံတားများ၊  JICA ချေးငွေဖြင့်တည်ဆောက်မည့် တံတား များအတွက်လည်း   အမှာစာများ လက်ခံရရှိထားကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်   ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ   လမ်းသစ်  အိမ်ရာစခန်း    ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းအား  သွားရောက်ကြည့်ရှု  စစ်ဆေးကြရာ စေပိုင်ကုမ္ပဏီ တာဝန် ရှိသူတစ်ဦးက စီမံကိန်း လုပ်ငန်း လျာထားချက်နှင့်    ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက စီမံကိန်း ပြီးစီးသွားပါက ယခင်နေထိုင်သူများ ပြန်လည် နေရာချထားမည့် အစီအစဉ် နှင့် အိမ်ရာစီမံခန့်ခွဲရန်   အစီအစဉ် များကို မှာကြားပြီး အိမ်ရာပြီးစီးမှုကို ရှင်းလင်းဆောင်မှ   ကြည့်ရှုစစ်ဆေးသည်။
လမ်းသစ်အိမ်ရာ  စခန်းသည်  ၁၉၅၇   ခုနှစ်   ပါလီမန်ဒီမိုကရေစီ ခေတ်တွင် တိုက်  ၁၁  လုံး အခန်းပေါင်း ၂၆၄  ခန်းတည်ဆောက်ခဲ့ပြီး လမ်းသစ် ရိပ်သာဟု  အမည်ပေးခဲ့ခြင်းဖြစ်ရာ ယခုအခါ  တိုက်ခန်းများအခြေအနေ မှာ  နှစ်  ၆၀  ကျော်  ကြာမြင့်ပြီဖြစ်၍ လူနေထိုင်ရန် မသင့်တော်တော့သဖြင့် အိမ်ရာစခန်း     ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် ၂၀၁၈ ခုနှစ် နိုဝင်ဘာ      ၁၀ ရက်တွင်  စတင်အကောင်အထည် ဖော်   ဆောင်ရွက်လျက်ရှိရာ   ၂၀၂၂  ခုနှစ်  ဒီဇင်ဘာ  ၃၁ ရက်တွင်    အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း။
 စီမံကိန်းအကျယ်မှာ  ၄ ဒသမ ၇၁၇ ဧကရှိပြီး ပါဝင်သောအဆောက် အအုံများမှာ (၁) လွှာလျှင်  ၁၈  ခန်းပါ  ၂၅  ထပ် တာဝါတစ်လုံး၊ ခြောက်ထပ် တိုက် Shop House  ၂၈  လုံး၊ ရေကူး ကန်၊ အားကစားခန်း၊ ကလေးကစား ကွင်း၊ အထွေထွေသုံးအခန်းနှင့် ဓမ္မာ ရုံတို့ပါဝင်ပြီး Bus Interchange ၊  Taxi Stand ၊ Hawker Center နှင့် ကား  ၈၁၇  စီးဆံ့ ကား  Parking  ပါရှိမည် ဖြစ်သည်။
ယခုအခါ Shop House  ၂၂  လုံး မှာ  ၉၅  ရာခိုင်နှုန်းနှင့်  ၁၈  ခန်းပါ  ၂၅  ထပ် တာဝါ (A) မှာ  ၂၅ ဒသမ ၈  ရာခိုင်နှုန်းပြီးစီးနေကြောင်း သိရှိရပြီး မူလနေထိုင်သူများကို တည်ဆောက် ရေးကာလအတွင်း ယာယီပြောင်းရွှေ့ နေထိုင်ရန် ထောက်ပံ့ကြေးများ စီစဉ် ပေးထားကြောင်း သိရသည်။

သတင်းစဉ်