Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြည်သူ့ဝန်ထမ်းအယောင်ဆောင်၍ ခြောက်လှန့်တောင်းယူမှု ကျူးလွန်သူကို စီရင်ချက်အမိန့်ချမှတ်

နေပြည်တော် ဒီဇင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သုမိတ္တာ (၂၅)လမ်း၊ အိမ်အမှတ်(၉၇၁)နေ ဦးမင်းသူ (ယခင် လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့)က ညောင်တုန်းမြို့နယ်အတွင်းမှ ဝန်ထမ်း နှစ်ဦးအား ၎င်းတို့နှင့် ပတ်သက်သော တိုင်စာများ၊ အမှုတွဲများ အဂတိအဖွဲ့သို့ ရောက်ရှိ နေကြောင်း၊ ၎င်းသည် အဂတိကော်မရှင်မှ အတွင်းရေးမှူးဖြစ်ကြောင်း၊ တိုင်စာကိစ္စများအား ကူညီဆောင်ရွက်ပေးနိုင် ကြောင်း ပြောဆိုကာ ဝန်ထမ်းနှစ်ဦးထံမှ ငွေကျပ် သိန်း(၃၀) အား ခြောက်လှန့်တောင်းယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ သည်။

အဆိုပါ တိုင်ကြားချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေး ခဲ့ရာ ဦးမင်းသူ သည် ကော်မရှင်မှ ဝန်ထမ်းတစ်ဦးမဟုတ်ဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အတွင်းရေးမှူးဟု အယောင်ဆောင်ပြောဆိုပြီး ညောင်တုန်းမြို့နယ် ဦးစီး ဌာနမှူး နှစ်ဦးထံမှ စုစုပေါင်း ငွေကျပ်သိန်း(၃၀)ကို ပြည်သူ့ဝန်ထမ်းအယောင်ဆောင်ကာ ခြောက်လှန့် တောင်းခံရ ယူခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဦးမင်းသူ အပေါ် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့မရဲစခန်းတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၇  ရက်၌ ပထမသတင်းပေး တိုင်ကြားချက်အမှတ် ၇၆/၂၀၂၀ ဖွင့်လှစ် ၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ အမှုအား မတ် ၁၆ ရက်တွင် ညောင်တုန်း မြို့နယ်တရားရုံးမှ ရာဇဝတ်ကြီးမှု အမှတ် ၃၃၉/၂၀၂၀ဖြင့် လက်ခံစစ်ဆေးပြီးနောက် ယနေ့တွင် တရားခံ မင်းသူအပေါ် ရာဇသတ်ကြီးပုဒ်မ ၁၇၀ အရ ထောင်ဒဏ်(၁)နှစ် နှင့် ရာဇသတ်ကြီးပုဒ်မ ၃၈၄ အရ ထောင်ဒဏ်(၂)နှစ် ကျခံစေရန်၊ ပြစ်ဒဏ်များကို သီးခြားကျခံစေရန် စီရင်ချက်အမိန့်ချ မှတ်ခဲ့ ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

(သတင်းစဉ်)