နေပြည်တော် ဒီဇင်ဘာ ၂၄
EIM Myanmar National Technical Committee ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၀)ကို ဒီဇင်ဘာ ၂၃ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး EIM Myanmar Technical Committee ဥက္ကဋ္ဌ ဒေါက်တာ မြလေးစိန်က ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး(EIM) အစီအစဉ်သည် ပြည်သူများအတွက် အဖိုးနည်းဝန်ပါဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး ကိုယ်ခံအားစနစ် တိုးတက် ကောင်းမွန်စေသော ဆောင်ရွက်ချက်ဖြစ်ပါသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (EIM)ဆက်စပ် သင်တန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သင့်ပါကြောင်း၊ လူမှုနေထိုင်မှု ပုံစံသစ်တွင် ထိုသို့ ဆောင်ရွက် ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လိုအပ်သည့် ပံ့ပိုးကူညီထောက်ပံ့မှုများ ကို ပြုလုပ်ပေးမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးကို တက်ရောက်လာကြသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် EIM Myanmar Technical Committee အတွင်းရေးမှူး ဒေါက်တာရဲတင့်လွင် က EIM Myanmar National Center နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ ရှေ့ဆောင်ရွက် မည့် လုပ်ငန်းစဉ်များ၊ ACSM သို့ (EIM Myanmar National Center Annual Report Draft) နှစ်ပတ်လည်အစီအရင်ခံစာ မူကြမ်းနှင့်ပတ်သက်၍ တင်ပြဆွေးနွေးမည့် အကြောင်းအရာ များ၊ (၆၇)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်များအသင်းညီလာခံတွင် တင်ပြဆွေးနွေးမည့် Symposium on EIM: Exercise Prescription for Health စီစဉ်ဆောင်ရွက် ထားရှိမှုကို လည်းကောင်း၊ Health Care providers နှင့် Health Fitness Professionals များသို့ သင်တန်းများပို့ချမည့်အစီအစဉ်များ အားလည်းကောင်း၊ အစည်းအဝေးများ၊ အခမ်းအနားများ၊ ဆွေးနွေးပွဲများတွင် EIM အစီအစဉ်များ ထည့်သွင်းအကောင်အထည်ဖော်နိုင်ရေးဆိုင်ရာအစီစဉ်တို့ကို တင်ပြဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသော ကော်မတီဝင်များမှ EIM နှင့် ပတ်သက် သော (Strategic plan) များရေးဆွဲ အကောင်အထည်ဖော် ချမှတ်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စ များ၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ဆောင်ရွက်မည့်ကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို အသီးသီး အကြံပြု တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)