Skip to main content

တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ကို Virtual Festival အွန်လိုင်းစနစ်ဖြင့် ကျင်းပနိုင်ရေးလေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၂၄

တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ကြောင့် Virtual Festival အွန်လိုင်း စနစ်ဖြင့် ကျင်းပနိုင်ရေးလေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်း အစည်း အဝေးကို     ယမန်နေ့နံနက်ပိုင်းတွင်  နေပြည်တော် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာ နရှိ အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံတိုင်းရင်း သားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ အထွေထွေအတွင်းရေးမှူး မင်းဗညားစန်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်တို့က အွန်လိုင်း စနစ်ဖြင့် တက်ရောက်ကြ‌ သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားများ၏ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်များကို ပြည်ထောင်စု ထာဝရငြိမ်းချမ်း ရေး၊ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည် ရင်းနှီးရေး ရိုင်းပင်းကူညီရေး၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းရေး‌၊ တောတောင် ရေမြေအလှများနှင့် တိုင်းရင်းသားဒေသအခြေပြု ခရီးသွား လုပ်ငန်းများအပြင် တိုင်းရင်းသား များ၏ ဒေသထုတ်ကုန်၊ ရိုးရာအဝတ်အထည်များ နိုင်ငံတကာသို့ တင်ပို့နိုင်ရေးနှင့် တိုင်းရင်းသားများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်ရွယ်ကျင်းပဆောင် ရွက်ခဲ့ပါကြောင်း၊၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ ပထမအကြိမ်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက် အထိ ဒုတိယအကြိမ်တို့ဖြင့် ပြည်ထောင်စုပွဲတော်ကဲ့သို့ တိုင်းရင်းသား များဆုံဆည်းရာ၊ ရိုးရာ ယဉ်ကျေးမှုများဖော်ထုတ်ရာ ပွဲတော်များအဖြစ် ကျင်းပဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ဒုတိယ အကြိမ်ပွဲတော်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တို့က တက်ရောက်ချီးမြှင့်ခဲ့ကြပါ ကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို တစ်ကမ္ဘာလုံးရင်ဆိုင်နေရသည့် ယခုလိုအခြေအနေတွင် သွေးချင်းတို့ရဲ့ ပွဲတော်ဆီကဲ့သို့  ပွဲတော်များကျင်းပဆောင်ရွက်သွားရန် မဖြစ်နိုင်သည့်ကာလလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းအနေ ဖြင့် Webinar, Facebook, MRTV စသည့် လမ်းကြောင်း ဖြင့် တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော် ဆီပွဲတော်ကို ကျင်းပဆောင်ရွက်လိုကြောင်း သိရှိရသည့် အတွက် စဉ်းစားဆောင်ရွက်သင့်သည့် အချက်များဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သို့ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မည်သို့ပင်ဆောင်ရွက် စေကာမူ လူစုလူဝေး ဖြစ်ပေါ်စေနိုင်သောအရာ များကို လျော့ချနိုင်သမျှ လျော့ချရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအတွက် ရိုးရာယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းများ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ကောင်းမွန် သောအရာများဖြစ်သော်လည်း တိုင်းရင်းသား ပြည်သူများအား ထိခိုက်စေမည့်အရာများကို ရှောင် ကြဉ်ရမည်ဖြစ်ပါ၍ တိုင်းရင်းသားများအတွက် ရည်ရွယ်ချက်များ ကောင်းမွန်မှန်ကန်သော် လည်း စဉ်းစားချင့်ချိန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလို ကပ်ရောဂါဖြစ်ပွားနေ သည့်ကာ လတွင် တိုင်းရင်းသားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးကို‌ အဓိကထားကာဆောင်ရွက်ကြ စေလိုပါကြောင်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း အနေဖြင့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီကို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပေါ်နေသည့် ကာလ အတွင်း ၂၀၂၁ ခုနစ်၊ ဖေဖေါ်ဝါရီ ၂၇ ရက်မှ မတ်လ ၅ ရက်အထိ ကိုဗစ်-၁၉ တားဆီးကာကွယ် ရေးကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ Virtual Festival အွန်လိုင်းစနစ်ဖြင့် ကျင်းပ ဆောင်ရွက်လိုခြင်း အား ဝန်ကြီးဌာနသို့ တင်ပြလာမှုနှင့်စပ်လျဉ်း၍ ပွဲတော်ကျင်းပဆောင်ရွက် နိုင်ရေးအတွက် ဖြစ်နိုင်သည့် အခြေအနေများကို လေ့လာဆန်းစစ်နိုင်ရန် ဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် မြန်မာ နိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ထားရှိမှုများကို တင်ပြဆွေးနွေးညှိနှိုင်းကြရန် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန် ဆာ၊ အထွေထွေအတွင်းရေးမှူး မင်းဗညားစန်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာ အောင်ရဲဇော် တို့က တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၁)ကို ကိုဗစ်-၁၉  ကူးစက်ရောဂါ အခြေအနေကြောင့် မြေပြင်တွင် ကျင်းပခြင်းမပြုလုပ်ဘဲ Webinar, Facebook နှင့် MRTV စသည့် Platforms အသုံးပြု၍ အွန်လိုင်းစနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၅ ရက်ထိ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားလုပ်ငန်းရှင် အသင်းအဖွဲ့ များ၊ သက်ဆိုင်ရာဦးစီး ဌာနများနှင့် ကြိုတင်ညှိနှိုင်းထားရှိမှု၊ စီမံချက်ရေးဆွဲထားရှိမှု၊ စီမံချက်နှင့်စပ် လျဉ်း၍ လက်တွေ့ဆောင်ရွက်သွားနိုင် မည့်အခြေအနေများကို တင်ပြဆွေးနွေး ကြသည်။

ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၏ တင်ပြ ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန် လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

(သတင်းစဉ်)