Skip to main content

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြု ဖျော်ဖြေ ပွဲကို သောကြာနေ့ညတွင် ဆက်လက်ဖျော်ဖြေမည်

နေပြည်တော် ဒီဇင်ဘာ ၁၆

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြု သော အားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများ အနက်မှ (၇၅)ပုဒ်ကိုရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် လျှက်ရှိရာ ဒီဇင်ဘာ ၁၈ ရက် ညတွင် ပွဲစဉ် (၂)ကို ဆက်လက်ဖျော်ဖြေမည် ဖြစ်သည်။

အဆိုပါပွဲစဉ်တွင် စန္ဒရားဘိုတာထွန်းညွန့် တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် စန္ဒရား ဘိုတာ ထွန်းညွန့် ၊ ရဲထိုက် ၊ မြတ်သူစိုး ၊ ကျော်သူလင်း ၊ သာလ္လာဝတီလှလှရီ ၊ နှင်းရည်သန့် ၊ ပန်းအိဖြူ နှင့် ဇင်သူဇာထွန်း တို့ကဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်ပြီး ယင်းတင်ဆက်မှုကို ဒီဇင်ဘာ  ၂၀  ရက် ၊ တနင်္ဂနွေနေ့ ၊ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည် ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)