Skip to main content

ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အောင်ပန်းစိုက်ပျိုးရေး သုတေသနခြံသို့ ကွင်းဆင်းကြည့်ရှု

အောင်ပန်း     ဒီဇင်ဘာ   ၁၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က ကလောမြို့နယ် အောင်ပန်းစိုက်ပျိုးရေး သုတေသန ခြံသို့သွားရောက် ကွင်းဆင်းကြည့်ရှုရာ အောင်ပန်းစိုက်ပျိုးရေး ခြံမန်နေဂျာ ဒေါက်တာဝင်းဝင်းနွယ်မှ ခြံနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးက အာလူးစိုက်ပျိုးမှုနှင့် ပတ်သက်၍ ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အာလူးပိုးမွှား သန့်စင်ဓါတ်ခွဲခန်းနှင့် အာလူး စိုက်ပျိုးထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် အင်းပြင်ကျေးရွာ၊ လွယ်အံကျေးရွာအုပ်စု၊ ရွှေစာစီခန်းမတွင် ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းမှ ကျေးလက်နေ ပြည်သူများ ကိုယ်တိုင် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်း (၂၀၂၀-၂၀၂၁) နှင့် ပတ်သက်၍ ရှင်းလင်းပြောပြသည်။

မောင်မောင်သန်း(တောင်ကြီး)