နေပြည်တော် ဩဂုတ် ၃
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န) ဝါ ဟူစိန်အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံပြီး ကုန်သွယ်ရေးနှင့်စွမ်းအင် စသည့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးသည်။
ထို့ပြင် ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေမည့်နည်းလမ်းများကို အမြင်ချင်းဖလှယ်ကြပြီး ကောင်စစ်ရေးရာကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
