Skip to main content

ဖလမ်းမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁

ချင်းပြည်နယ် ဖလမ်းမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၊ တောင်ဇလပ်လမ်း၊ အေဒီ၂၀၀၀ ဂျူဗလီလမ်းနှင့် ဗန်ကာအိုတောင် လမ်းဘေးဝဲယာတို့တွင် အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်းနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည့်အဖွဲ့များကို မုန့်နှင့်အချိုရည်များ ဝေငှတိုက်ကျွေးကြသည်။

ဖလမ်းမြို့ကို တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

သတင်းစဉ်