နေပြည်တော် နိုဝင်ဘာ ၂၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများဆိုင်ရာမူဝါဒကို ပြင်ဆင်ထုတ်ဝေ ခြင်းဖြစ်ပါ သည်။
၂၀၁၈ ခုနှစ် ဖွံ့ဖြိုးမှုအကူအညီများ အကျိုးရှိထိရောက်မှုရှိစေရေး စကားဝိုင်းဆွေးနွေးပွဲတွင် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒကို ပထမဦးဆုံး မိတ်ဆက်ထုတ်ဝေခဲ့ပါသည်။ အဆိုပါမူဝါဒသည် တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အဝဖြစ်စေ ဖွံ့ဖြိုးမှုအကူအညီဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံချက် များကို ဖော်ထုတ်သတ်မှတ်ခြင်း၊ လုပ်ငန်းဒီဇိုင်းရေးဆွဲခြင်း၊ ဆွေးနွေးညှိနှိုင်း ခြင်း၊ အတည်ပြုခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အကဲဖြတ် ဆန်းစစ်ခြင်း စသည့်အဆင့်များကို လွယ်ကူချောမွေ့စေရန် တိကျရှင်းလင်း သည့် လုပ်ထုံးလုပ်နည်းများနှင့်အတူ ဖွံ့ဖြိုးမှုအကူအညီများကို ရရှိအသုံးပြု မှုနှင့်ပတ်သက်၍ လမ်းညွှန်မှုပေးသော ပြည့်စုံသည့် မူဝါဒဖြစ်ပါသည်။
ယခုထပ်မံထွက်ရှိလာသည့် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒသည် မြန်မာ နိုင်ငံသို့ ပေးအပ်သည့် ဖွံ့ဖြိုးမှုအကူအညီများနှင့် မြန်မာနိုင်ငံ၏ ရေရှည် တည့်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀ တို့အကြား ပိုမို၍ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်စေရန် လုပ်ဆောင်ပေးမည် ဖြစ်ပါသည်။ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများက စီမံဆောင်ရွက်မှုလုပ်ငန်းစဉ်များ ပိုမိုလွယ်ကူ စေမည်ဖြစ်ပြီး ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့အနေဖြင့် မဟာဗျူဟာ ကျကျသုံးသပ် နိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒ- ၂၀၂၀ ကို ပြုစုရေးဆွဲထားပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဦးသောင်းထွန်း၏ ဥယျောဇဉ်ကောက်နုတ်ချက်အရ “ယခု မူဝါဒအသစ်တွင် ဖွံ့ဖြိုးမှုအကူအညီ ရယူဆောင်ရွက်ရေးအပေါ် နိုင်ငံ၏ မျှော်မှန်းချက်နဲ့ ဖွံ့ဖြိုးမှုအကူအညီများကို စီမံခန့်ခွဲရန်အတွက် လမ်းညွှန်ပြသမယ့် ဒေသတွင်းမူဝါဒများကို ပိုမိုရှင်းလင်း စွာ ဖော်ပြထားပါတယ်။ ဒီမူဝါဒအသစ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် ၂ဝ၁၈ ခုနှစ်တွင် ထုတ်ပြန်ပြီးဖြစ်တဲ့ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနဲ့ အခြားသော အရေးကြီးတဲ့ မဟာဗျူဟာကျတဲ့ မက်ခရိုစီးပွားရေးကို အစပြုရာမှာလည်း ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်”
ယခင် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒကဲ့သို့ပင် ယခုအသစ်တည်းဖြတ်ထားသည့် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒကို ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းနှင့် ပုဂ္ဂလိကကဏ္ဍ တို့ပါဝင်သည့် မိတ်ဖက်အဖွဲ့ အစည်းများနှင့် အစိုးရဌာန အဖွဲ့အစည်းများ၏ အကြံဉာဏ်များ၊ သဘောထား မှတ်ချက်များနှင့်အညီ ရေးသားပြုစုထားပါသည်။
ယခု ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒတွင် အသစ်ပြန်လည် ဖွဲ့စည်းထား သည့် မဟာဗျူဟာကျ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ (SCGs) ပါဝင်လာခြင်း၊ မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များကို ကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်သည့် ပေါင်းစပ် ညှိနှိုင်းခြင်းနှင့် အကျိုးခံစားခွင့်ရှိသူများ အားလုံးပါဝင်သည့် ဆွေးနွေး ခြင်းတို့အတွက် အခြေခံအုတ်မြစ် ပိုမိုခိုင်မာ လာစေရန်၊ မကြာမီထုတ်ဝေသွား မည်ဖြစ်သည့် မြန်မာ့စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲ ရေးစီမံချက်ဖြန့်ဝေရေးတွင် ချိတ်ဆက်ပါဝင်ခြင်းတို့ကို မြင်တွေ့ရမည် ဖြစ်ပါ သည်။
သတင်းစဉ်