Skip to main content

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများတွင်ပါဝင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ကဏ္ဍများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၂၄

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများတွင် ပါဝင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ကဏ္ဍများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ၀န်ကြီးဌာနတွင် ကျင်းပသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံအစည်းအဝေးများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ညီလာခံ(၄)ကြိမ်ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ကြောင်း၊ ပြီးစီးခဲ့သော ညီလာခံ များတွင် ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်းများကို ချုပ်ဆိုခဲ့ရာ မူဝါဒသဘော တူညီချက်များရရှိခဲ့ကြောင်း၊  ဒုတိယအကြိမ်ညီလာခံတွင် (၃၇)ချက်၊ တတိယအကြိမ် ညီလာ ခံတွင် (၁၄)ချက်နှင့် စတုတ္ထအကြိမ် ညီလာခံတွင် အချက် (၂၀)၊  စုစုပေါင်း သဘော တူညီချက် (၇၁)ချက် ရရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ သဘောတူညီချက်များတွင် မိမိတို့ ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အချက်များကို ၀န်ထမ်းများအားလုံးက ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် လိုအပ် သကဲ့သို့ နယ်စပ်ဒေသ တိုင်းရင်းသားများ အပါအ၀င် ပြည်သူများအားလုံးက သိရှိထားရန် လည်းလိုအပ်ကြောင်း

 မိမိတို့နှင့်သက်ဆိုင်သည့် နိုင်ငံရေး ကဏ္ဍနှင့် လူမှုရေးကဏ္ဍများတွင် ပါ၀င်သော အချို့သော အခြေခံမူအချက်အလက်များသည် မိမိတို့ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်း များတွင် အကျုံး၀င်ပြီး တိုင်းရင်းသားများအပါအ၀င် ပြည်သူတစ်ဦးချင်း၏ အခွင့်အရေး များကို ဖော်ဆောင်ရာတွင် သာတူညီမျှခံစားရရှိရေး ပိုမိုကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ဆဲဖြစ် ကြောင်း၊ ထပ်မံလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်း ထိရောက်စွာ ကောင်အထည် ဖော် ဆောင်ရွက်ရန် တာ၀န်ရှိပါကြောင်း၊ သို့မှသာ နိုင်ငံတော်က ဦးတည်ဆောင် ရွက်လျက် ရှိသော တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲမည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ထိရောက်အောင် မြင်အောင် အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ သည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သော်လည်း ယခုအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ စိန်ခေါ်မှုကိုရင်ဆိုင်ရဆဲဖြစ်ရာ လုပ်ငန်းများ နှောင့်နှေးမှုမရှိစေဘဲ လုပ်ငန်းစဉ် အကောင်အထည် ဖော်မှုတိုင်းတွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်များကို ထည့်သွင်းလျက် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများပါ သက်ဆိုင် ရာကဏ္ဍအလိုက် ဆက်စပ်၀န်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင် ပါ၀င်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူများနှင့် ညှိနှိုင်းဆောင် ရွက်ရမည့်ကိစ္စများကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)