နေပြည်တော် ဧပြီ ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် နီကာရာဂွါသမ္မတနိုင်ငံ၊ ပူးတွဲသမ္မတများဖြစ်ကြသည့် မစ္စတာဒန်နီရယ် အော်တီဂါ ဆာဗေဒရာနှင့် မစ္စစ် ရိုဆာရီယို မူရီလိုတို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လာပါသည်။
အဆွေတော်
ဦးမင်းအောင်လှိုင်
ရွေးကောက်ခံသမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် အဆွေတော် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် နီကာရာဂွါသမ္မတနိုင်ငံ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ညီညွတ်ရေးအစိုးရနှင့် ပြည်သူများကိုယ်စား မိမိမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြလိုပါသည်။
မာနာဂွါမြို့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်
အခါအခွင့်ကြုံခိုက် မိမိတို့နှစ်နိုင်ငံအကြား တည်ရှိနေသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကို ဆက်လက်ခိုင်မာအောင်လုပ်ဆောင်သွားမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။ မိမိတို့၏ ပြည်သူများအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေး၊ ကျန်းမာသုခနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါသည်။
မင်္ဂလာအပေါင်းနှင့်ပြည့်စုံ၍ အစဉ်အမြဲလွတ်လပ်သော နီကာရာဂွါနိုင်ငံရှိ ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ညီရင်းအစ်ကိုပမာ နွေးထွေးစွာနှုတ်ခွန်းဆက်သပါကြောင်း ပြောကြားလိုပါသည်။
ဒန်နီရယ် အော်တီဂါ ဆာဗေဒရာ ရိုဆာရီယို မူရီလို
