Skip to main content

အများပြည်သူသို့ အသိပေးကြေညာချက်

၁။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျစေရန်အတွက် ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ၁-၄-၂၀၂၆ ရက်နေ့မှ ၃၀-၄-၂၀၂၆ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

၂။ ယင်းအခွန်ကင်းလွတ်ခွင့်သည် ၁-၄-၂၀၂၆ ရက်နေ့မှ ၃၀-၄-၂၀၂၆ ရက်နေ့အထိ အကောက်ခွန်ဦးစီး ဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့်ဓာတ်မြေဩဇာများအပေါ် အကျုံးဝင်မည် ဖြစ်ပါသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန