Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး မော်လမြိုင်မြို့ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော် မတ် ၂၀

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး‌ မောင်မောင်အေးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ ပြည်သူ့စစ်မှုထမ်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တစ်ဦးချင်း၏ ဒဏ်ရာရရှိမှု၊ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း၍ အားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအတွက် ချီးမြှင့်ငွေနှင့် အာဟာရဖြည့် အစားအသောက်များပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်