Skip to main content

ရုရှားရေတပ်မှ စစ်ရေယာဉ်သုံးစင်း ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိ

နေပြည်တော် မတ် ၅

ရုရှားရေတပ်ပစိဖိတ် စစ်ရေယာဉ်စုမှ ကော်ဗက်စစ်ရေယာဉ်များ ဖြစ်သည့် Sovershenyi နှင့် Rezkiy၊ အလတ်စားဆီတင်သင်္ဘော Pechenga တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

လေ့လာလည်ပတ်သွားမည်

အဆိုပါ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ Captain 1st Rank Andrei Gaevoi ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၃၅၀ တို့ လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၁၀ ရက်အထိ ၆ ရက်ကြာ နေထိုင်၍ လေ့လာလည်ပတ်သွားမည်ဖြစ်ကာ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်