နေပြည်တော် မတ် ၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မတ် ၃ ရက် ညနေ ၄ နာရီခွဲက လားရှိုးမြို့ အာရုံတော်ရပ်ကွက်ရှိ ဘရန်ဆိုင်း (ခ) အားရင် (၃၀) နှစ် ငှားရမ်းနေထိုင်သည့်နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၈၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၈၈ သိန်း)၊ ဘိန်းဆီခဲ ၆၀ ဂရမ် (တစ်ဂရမ် လျှင်ငွေကျပ် ၁၈၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၀၈ သိန်း)၊ အဆင့်နိမ့်ဘိန်းခပ်ခူး ၄၅၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၂ ဒသမ ၂၅ သိန်း) တို့အား ဖမ်းဆီးရမိသဖြင့် ဘရန်ဆိုင်း (ခ) အားရင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်
