Skip to main content

ပြင်ဦးလွင်မြို့နယ်၌ ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဖေဖော်ဝါရီ ၂၈ ရက်နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် ယောဘ (၂၁) နှစ်၊ ဘူတာရပ်ကွက် နောင်ချိုမြို့နယ်နေသူ မောင်းနှင်လာသော ISUZU D-MAX မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဘိန်းဖြူ ၄ ဒသမ ၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၂၂၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၁၉၈၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၄၇၉၇ သိန်း) နှင့် မြန်မာငွေကျပ် ငါးသိန်းတို့အား ဖမ်းဆီးရမိသဖြင့် ယောဘအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်