Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်မြန်မာနိုင်ငံဆိုင်ရာ UNODC Country Manager, Mr. Benedikt Hofmann အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံ ဆိုင်ရာ UNODC ၏ Country Manager အဖြစ် ခန့်အပ်ခြင်းခံရသည့် Mr. Benedikt Hofmann အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးရာတွင် ကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်း များ၊ တားဆီးကာကွယ်ရေးလုပ်ငန်း များနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများတွင် နည်းပညာအကူ အညီပေးအပ်ရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။

ဆွေးနွေးပွဲအပြီး၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှုခင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Case Management System) တွင် အသုံးပြုမည့် ရုံးသုံးစက်ပစ္စည်းကိရိယာများကို UNODC မှ ကော်မရှင်သို့ လွှဲပြောင်းပေးအပ်သည်။

Case Management System တွင် အသုံးပြုမည့် goCASE Application ကို အသုံးပြုနိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် လုပ်ငန်းလမ်းညွှန် (Term of Reference –TOR) ရေးဆွဲခြင်း၊ စက်ပစ္စည်းတပ်ဆင်ခြင်း၊ Software ရေးဆွဲခြင်းများကို  UNODC နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှုခင်းဆိုင်ရာ စီမံခန့်ခွဲမှု စနစ်ကို မကြာမီ စတင်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)